ဆက်ပိုင် ဆေးရုံကုတ်အကျီင်္ကို လက်ကိုင်အိတ်ထဲမှ ထုတ်လိုက်သည်။ ရင်းနှီးနေပြီဖြစ်သော ဆေးရုံန့ံက ကုတ်အကျီင်္မှာစွဲနေပြီဖြစ်သည်။ ဒီနေ့တော့လျှော်မှဖြစ်မည်။ ညက မွေးခန်းတွင်ပါ ပါဝင်ကူညီခဲ့ရသည်။ ကလေးအမေမှာ စင်တီမီတာ အနည်းငယ်လောက်သာ မွေးလမ်းကြောင်းပွင့်ပြီး နောက်ပုံမှန် တစ်နာရီကို တစ်စင်တီမီတာနှုန်း ဆက်ပွင့်မလာတော့။ ၁၄ နာရီလောက် ကြာသည်အထိ ဗိုက်နာနေပြီး မမွေးနိုင်ဖြစ်နေခဲ့သည်။ နောက်ဆုံး ဗိုက်ထဲမှကလေး နှလုံးခုန်နှုန်းမမှန်တော့သဖြင့် အရေးပေါ်ခွဲစိတ်ခန်းပို့ရသည်။ ခွဲခန်းအတွက် လက်ထောက်ဆရာဝန် မရှိ၍ သူကပင် ပထမလက်ထောက်ဆရာဝန်နေရာမှာ ဝင်ရောက်ကူညီခဲ့ရသည်။ ခွဲစိတ်ဆရာဝန်ကြီး၏ ယုံကြည်အားကိုးမှုအတွက် ဝမ်းသာမိသော်လည်း ဒုတိယလက်ထောက်ဆရာဝန်နေရာမှာသာ ဝင်ရောက်လုပ်ကိုင်ဖူးသော သူ့လို အလုပ်သင် ဆရာဝန်တစ်ယောက်အတွက် လူပင်ပန်းသည်ထက် စိတ်ပင်ပန်းရသည်က ပိုခဲ့သည်။
အိမ်နံရံမှ နာရီက မနက်ခြောက်နာရီခွဲကို ညွှန်ပြနေသည်။ သေချာသည်ကတော့ ထက်ပိုင် အိပ်မောကျနေဦးမည်ဖြစ်သည်။ အခန်းတံခါးကို ဆက်ပိုင် ခပ်ဖြည်းဖြည်း တွန်းဖွင့်ဝင်လိုက်သည်။ နံရံကို မျက်နှာမူကာ ထက်ပိုင် ဘေးတစ်စောင်း အိပ်ပျော်နေသည်။ စောင်ပါးပါးကို ကုတင်ခြေရင်းထိရောက်အောင် ကန်ချထားသည်။ စွပ်ကျယ်လက်ပြတ်နှင့် ဖြစ်သည်။ ဆက်ပိုင် စောင်ကိုကောက်ကူကာ ပခုံးပေါ်ထိရောက်အောင် ပြန်ခြုံပေးလိုက်သည်။ စာကြည့်စားပွဲပေါ်မှ သူပေးထားသော လက်ဆောင် ရေကူးဦးထုပ်ဘေးတွင် အကောင်းစား စီကိုနာရီအသစ်ကို ဗူးအနက်ရောင်ထဲတွင် တွေ့လိုက်ရသည်။
ရွှေစင့်ရဲ့ ထက်ပိုင်အတွက် လက်ဆောင်ဖြစ်မည်ဆိုတာကို သူ အလိုလိုနားလည်လိုက်သည်။
ရေချိုးခန်းထဲလှမ်းဝင်ကာ ကုတ်အကျီင်္ကို လျှော်ဖို့အဝတ်တောင်းထဲ လှမ်းပစ်ထည့်လိုက်သည်။ ရေအမြန်ချိုးကာ ခေါင်းကိုခပ်သွက်သွက်လျှော်လိုက်သည်။ မနက်စာပြင်ဖို့တော့ သူအချိန်ရသေးသည်။ ထက်ပိုင်က မနက်ရှစ်နာရီလောက်မှ အိပ်ရာထနေကြဖြစ်သည်။ ရေစိုနေသောခေါင်းကို မျက်နှာသုတ်ပုဝါဖြူဖြင့်ဖိသုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့ချိန် ကုတင်ပေါ်တွင် ဖုန်းလက်ကွက်များကို ထက်ပိုင်သွက်လက်စွာ နှိပ်နေသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...
Part 9 (Unicode)
Start from the beginning
