စားမေးပွဲတိုင်း အဆင့် ၁ နေရာမှ မဆင်းသည့် ခွန်းဆက်ပိုင်နှင့်တော့ ကွာသည်။ ဆက်ပိုင်လည်း ဒီနှစ်ကိုးတန်းရောက်ပြီဖြစ်သည်။ စာမေးပွဲတိုင်းလိုလိုကို အမှတ်အများဆုံးဖြင့် အောင်ခဲ့သည်သာဖြစ်သည်။ ဖေဖေက ကျောင်းစာမေးပွဲအဆင့်နှင့် ပတ်သတ်၍ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ပြောခြင်းမရှိ၍သာ တော်သည်။
အခန်းထဲမှ ဆက်ပိုင်ခြေသံများကို သူ ကြားနေရသည်။

ထက်ပိုင် နိုးနေပေမယ့် အိပ်ရာမှ မထချင်သေး။ မနေ့ညနေက ထုံးစံအတိုင်း ရေကူးလေ့ကျင့်ဖြစ်သည်။ သူ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြို့နယ်အဆင့် မီတာ ၁၀၀ လက်ပစ်ကူး ရေကူးပြိုင်ပွဲနီးနေပြီမို့ နေ့တိုင်းလိုလို လေ့ကျင့်နေရသည်မို့ ပင်ပန်းသည်။ လက်မောင်းနှင့် ခြေထောက်ကြွက်သားများ မလှုပ်ချင်တော့လောက်အောင် ညောင်းညာနေသည်။

"ကိုထက်.. ထတော့။"

ဆက်ပိုင် ခေါ်သံတိုးတိုးကို ကြားလိုက်ရသည်။ မကြားချင်ယောင်ဆောင်ကာ ကျောပေးပြီး ခွခေါင်းအုံးကို သာ နာနာဖိထားသည်။

"ကိုထက်.."

"ဖယ်စမ်းကွာ။ အိပ်ချင်သေးတယ်။"

ထက်ပိုင်ပခုံးကို ကိုင်လှုပ်လာသော ဆက်ပိုင်လက်များကို ခပ်ကြမ်းကြမ်းဆွဲဖယ်လိုက်သည်။ ခေါင်းအုံးဖြင့် နားကိုဖိကပ်ထားကာ နံရံဖက်တစ်စောင်းလှည့်လိုက်သည်။

"ကော်ဖီတွေ အေးတော့မယ်။ ထဦးကိုထက်ရာ။ ရှစ်နာရီခွဲတော့မယ်။"

ထက်ပိုင်တို့ အထက်တန်းကျောင်းသည် မနက်ကိုးနာရီတက်သော တစ်နေကုန်ကျောင်းဖြစ်သည်။ သူ မထ၍မဖြစ်တော့။ အခုပင် အချိန်တော်တော် နောက်ကျနေပြီဖြစ်သည်။ မွှေးကြိုင်သော ကော်ဖီနံ့ကိုရလိုက်သည်။ ဆက်ပိုင် ကမ်းပေးလာသော ကော်ဖီပူပူကို တစ်ကျိုက်မော့သောက်လိုက်သည်။ ကော်ဖီခါးခါးက ပူလောင်စွာလည်ချောင်းမှတစ်ဆင့် စီးဆင်းသွားသည်။
သူက ကော်ဖီဆိုလျှင် ခါးခါးနှင့်ပူပူမှ ကြိုက်သည်။

ဆက်ပိုင် ကျောင်းစိမ်းယူနီဖောင်း ဝတ်ထားပြီးသားဖြစ်သည်။ မီးပူဖြောင့်နေအောင် တိုက်ထားသော အကျီင်္ုဖြူကော်လံကို ပိရိစွာခေါက်ထားသည်။ မြင့်မားသော အရပ်က ကုတင်ပေါ်ထိုင်နေသော ထက်ပိုင်ပေါ်မှာ ရိပ်မိုးနေသည်။ ရေကူးသမားမို့ အတန်းထဲတွင် အရပ်အမြင့်ဆုံးဖြစ်သည့် ထက်ပိုင်နှင့် ရွယ်တူလောက်ပင် ဖြစ်နေပြီဖြစ်သည်။ ၀ိုင်းစက်သောမျက်လုံးများက သိပ်မထူသော မျက်ခုံးများအောက်မှာ ထင်းနေသည်။ ရှင်းသန့်သောဆက်ပိုင်၏မျက်နှာသွယ်သွယ်၊ နှာတံစင်းစင်းနှင့် အနီရောင်သန်းသော ဆက်ပိုင်နှုတ်ခမ်းမထူမပါးကို ကျောင်းမှမိန်းကလေးအတော်များများ သတိထားမိနေပြီ ဖြစ်သည်။

စည်းWhere stories live. Discover now