မနက်စောစော မိုး တို့သားအဖနှစ်ယောက်လားရှိုးလေဆိပ်ကနေ ရန်ကုန်သို့ပြန်ဆင်းလာခဲ့ကြသည်။ဖေဖေကတော့နေ့လည်အစည်းအဝေးရှိလို့ဆိုပြီး အိမ်တောင်မပြန်တော့ပဲ ရုံးသို့တန်းသွားလေသည်။ မိုး ကတော့အိမ်ခဏပြန်ပြီးနားသည်။ ညဂျူတီမို့လို့ဆေးရုံကိုလဲအေးအေးဆေးဆေးမှပဲ သွားရမည်မို့ ရှမ်းပြည်ကအပြန်ပါလာတဲ့ အသီးအနှံလေးအချို့ကို သူ့မမအိမ်သို့သွားပို့ရင်ကောင်းမလားလို့တွေးနေမိသည်။သူ့မမက မနက်ပိုင်းကျောင်းချိန်မို့ ဒီအချိန်လောက်ဆိုရင်တော့ အိမ်ပြန်ရောက်လောက်ရောပေါ့ဟုတွေးကာ သစ်သီးလေးတွေကို ပလတ်စတစ်ဗူးလေးတစ်ခုထဲသို့ပြောင်းထည့်ရင်း သူ့မမဆီသို့ ကားလေးဖြင့်ထွက်လာခဲ့လိုက်သည်။
သူ့မမအိမ်ရှေ့ရောက်တော့နေ့လည်၂ နာရီလောက်ရှိနေပါပြီ ။ သစ်သီးဗူးလေးကိုင်ကာ မိုး ခြံရှေ့၌ရပ်လိုက်တော့ သစ်ပင်ရိပ်အောက်မှာ ပန်းအိုးဖြင့်နှင်းဆီပင်လေးတွေပျိုးနေသော အန်တီတင့်ကလှမ်းမြင်လိုက်ပြီး သူ့ကိုတံခါးထဖွင့်ပေးလေသည်။
"ဒေါက်တာမလေး ပါလား .... ဝင်ဝင်ဒေါက်တာမလေး ... "
" ဟုတ်ကဲ့ .... ဆရာမ ရှိလား အန်တီ ? "
မိုး ခြံထဲဝင်ရင်းမေးလိုက်တော့ အန်တီတင့်ကခေါင်းညိမ့်ရင်း
" ရှိပါတယ်....ဒေါက်တာမလေးရဲ့ဆရာမက မနက်ထဲကဖျားနေလို့ကျောင်းမသွားဖြစ်ဘူးလေ ..... "
ဖျားနေတယ်လို့ ကြားလိုက်ရတာနဲ့ မိုး ရဲ့မျက်လုံးလေးတွေဟာ ချက်ချင်းဝိုင်းစက်သွားပြီး ရင်ထဲစိုးရိမ်မှုတို့က လွှမ်းမိုးသွားခဲ့၏ ။
အန်တီတင့်ကအိမ်ထဲသို့အရှေ့မှဝင်သွားပြီး လင်း ရဲ့အခန်းထဲသို့ဝင်သွားလေသည်။ အန်တီတင့်ဝင်လာတော့ လင်း ကအခန်းထဲ၌ ဟိုတစ်လောကသူကိုယ်တိုင်ဆေးပေးထားတဲ့ ကလေးရဲ့ sneaker ဖိနပ်အဖြူလေးကိုငေးကြည့်နေသည်။ အဲ့နေ့ကသွေးတွေထွက်နေတဲ့ မိုး ရဲ့ခြေဖဝါးနဲ့ ထိုဖိနပ်လေးပေါ်နင်းလိုက်မိတာမို့ ဖိနပ်မှာသွေးစက်အချို့ကစွန်းထင်းခဲ့လေသည်။ ဒါကို လင်းတွေ့တော့ တယုတယပြန်ဆေးပေးပြီး သူ့အခန်းထဲမှာ သိမ်းပေးထားတာ ယနေ့အထိပင်။ သူ့ကလေးကို တစ်ရက်တော့ ထိုဖိနပ်လေးသွားပေးရဦးမယ်လို့တွေးနေစဉ်မှာပဲ
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...