Episode - 3

9.3K 741 12
                                    

ကံတရားပေလား ?

သူ …………

သူပဲ ………

စာသင်ခန်းရှေ့မှ စတိတ်စင်ပေါ်သို့တစ်လှမ်းခြင်းတက်လှမ်းသွားတဲ့ ဆရာမလေးတစ်ယောက်ကို 'မိုးဝသန်လွင်' ငေးမောကြည့်နေမိလေသည် ။
အသက်ပင်ရှုဖို့အထိ သူမေ့နေပါပြီ ။

ရှေ့ဝဲကျနေတဲ့ဆံပင်စလေးတွေရဲ့ အပေါ်နားလေးမှာ ကျစ်ဆံမြီးသေးသေးလေး ၂ ချောင်းကိုစုကျစ်ထားပြီး အနောက်က နှင်းဆီပန်းကလေးတစ်ပွင့်ထိုးထားသောဆံထုံးထဲကို ထိုးထည့်ထားသည် ။ အင်္ကျီလက်ရှည်အဖြူလေးဖြင့် လည်ထောင်ရင်ဖုံးလေးကို သပ်ရပ်လှပစွာဝတ်ဆင်မြန်းထားသူ မြန်မာဆန်လှသည့် သူမရဲ့အလှကာ မြင်သူယောကျာ်းမှန်သမျှ ရှုးသွပ်သွားမည်မှာအမှန် ။ မိန်းကလေးတွေတောင် ငေးမောသွားရသည့်အဖြစ်တွင် 'မိုးဝဿန်လွင်' ဆိုသည့်သူမပါ ပါဝင်ခံစားနေရပေပြီ ။

စတိတ်ခုံပေါ်မတ်တပ်ရပ်ကာ တပည့်တွေဘက်သို့ ကြည့်၍

" မင်္ဂလာပါ ကလေးတို့ ………… "

ချိုသာညိမ့်ညောင်းလှသည့် အသံလေးဖြင့် ရင်ဘတ်ပေါ်လက်အုပ်လေးတင်ကာ ယဉ်ကျေးမှုကိုပြသသောအားဖြင့် သူမဘက်မှ စတင်နှုတ်ဆက်လေသည် ။ ဆရာမလေး စဝင်လာထဲက မတ်တပ်ထရပ်၍ရင်ဘတ်ပေါ် လက်အုပ်ချီမိုးထားကြသည့် အတန်းသူ အတန်းသားများအားလုံးထံမှ တညီတညာထွက်ပေါ်လာသော အသံကတော့

" မင်္ဂလာပါ ဆရာမ ………… "

ပါးလေးနှစ်ဖက်မှာ ပါးချှိုင့်ကလေး ချိုင့်ဝင်သွားလောက်တဲ့အထိ ဆရာမလေးကပြန်ပြုံးပြရင်း

" ဆရာမရဲ့ နာမည်ကတော့ လင်းဝတ်ရည်သော် ပါ ……… ဆရာမက ကလေးတို့ကို အင်္ဂလိပ်စာ ဘာသာရပ် သင်ကြားပေးမဲ့ ဆရာမပါ ……… "

" ဆရာမ ကအရမ်းချောတာပဲ ……… "

တစ်ယောက်တစ်ပေါက်ထွက်ပေါ်နေတဲ့ အသံတွေထဲကနေ ကျောင်းသားတွေအုပ်စုထဲမှ ထွက်ပေါ်လာတဲ့စကားတစ်ခွန်းကြောင့် 'လင်းဝတ်ရည်သော်' ဆိုသည့်ဆရာမလေးအား ငေးမောကြည့်နေသည့် မိုး ရဲ့မျက်လုံးမှာ ဖတ်ခနဲဆို ညာဘက်ထောင့်သို့ရွေ့လျားသွားသည် ။ စောစောကပြောလိုက်တဲ့ 'ကောင်းထက်' ဆိုတဲ့ စပ်ဖြဲဖြဲရုပ်ပြောင်ဖြစ်နေသည့်ကောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်လေသည် ။ သူမနဲ့အကြည့်ချင်း လာဆုံသော ကောင်းထက်မှာ သူမရဲ့အကြည့်ကြောင့် အိုးတိုးအမ်းတမ်းဖြစ်သွားရရှာသည် ။

Don't Stop Believing Where stories live. Discover now