Episode - 31

6.7K 541 21
                                    


" က​လေးအိပ်​ပျော်​နေတာလား ဦး​လေးဖြိုး ? "

" ဟုတ်​တယ်​ဗျ .... ပြန်​ရောက်​ကထဲက အိပ်​နေတယ်​... သမီး​လေးလဲ ပင်​ပန်းသွားပြီထင်​ပါရဲ့ ... "

သူ့ဆရာမနဲ့ ဘကြီးဖြိုးတို့ရဲ့စကားသံ​ကြောင့်​မိုး မျက်​လုံ​လေးပွတ်​ကာ နိုးလာပြီး

" မ​ရောက်​ပြီလား .... တက်​လေ .... "

မိုး ကားတံခါဖွင့်​လိုက်​တော့

" ဟို .... မ မှာကိစ္စ​လေးတစ်​ခုရှိ​နေလို့ အဲ့ဒါ က​လေး အိမ်​ပြန်​နှင့်​လိုက်​ပါလားကွယ်​... မ ကိစ္စ​ပြီးတဲ့အခါကျရင်​က​လေးအိမ်​ကိုလိုက်​လာခဲ့မယ်​လေ ... ပြီးရင်​ထမင်း​ပေါင်းလိုက်​ဝယ်​ကျွေးမယ်​နော်​က​လေး .... "

ကိစ္စဆိုကတည်းက​ကျောင်းကိစ္စဖြစ်​မယ်​ထင်​ပြီး မိုး ပြန်​တော့မ​မေး​တော့ ။

" ရပါတယ်​မရယ်​... မ မအားဘူးဆိုလဲ မိုး ကိုမနက်​ဖြန်​မှ လိုက်​ဝယ်​ကျွေး​ပေါ့ .... မနက်​ဖြန်​ကစပြီး​သီတင်းကျွတ်​ကျောင်းပိတ်​ပြီပဲဟာ ..... "

" အင်းပါ က​လေးရယ်​။ မ​နောက်​က​နေလိုက်​လာခဲ့မယ်​နော်​..... ပြန်​ပြီးနားနှင့်​နော်​.... "

က​လေးရဲ့ပါး​လေးကို လင်း ပွတ်​လိုက်​ပြီး​ပြော​တော့ သူ့ကိုရယ်​ပြရှာသည်​။

" ဟီး ဟုတ်​...​ရောက်​လာလို့အိပ်​ပျော်​နေရင်​နိုးလိုက်​နော်​မ ..... "

"​အေးပါ က​လေးရယ်​...... "

" တာတာ့ မ .... See u ..... "

" See you soon babe ..... "

ထွက်​သွားတဲ့ကား​လေးကို လင်း ကြည့်​ပြီး ရင်​လေးမိသည်​။ သူ​တေဇာနဲ့​တွေ့တာကိုသာ က​လေးသိရင်​အလကားသတ်​သတ်​ဝမ်းနည်း​နေရဦးမည်​။ က​လေးငိုမှာ သူထပ်​မလိုလား​တော့ ။ ဒါ့​ကြောင့်​မို့ အ​ကြောင်းအရာကို သူ​ပြောမပြ​တော့ချင်းသာ ။ တစ်​ဖက်​လမ်းမမှာ​ရှိ​နေတဲ့ ကားဆီသို့ လင်း ကြည့်​ပြီးရင်​လေးမိပြန်​သည်​။ ကို​တေဇာ သူ့အ​ပေါ်မှာ ခံစားချက်​ရှိ​နေတယ်​လို့လဲ လင်း စိတ်​ကရိပ်​မိ​နေပါသည်​။ ထို့​ကြောင့်​သူပိုဝန်​လေးမိသည်​။ သူ့ကိုကူညီ​ပေးခဲ့တဲ့လူဖြစ်​နေလို့သာ သူလိုက်​လျော​ပေးခဲ့ခြင်းဖြစ်​၏ ။ ထို့​ကြောင့်​လင်း ကားလမ်းပြန်​ကူးပြီး​တေဇာရဲ့ကား​ပေါ်သို့တက်​လိုက်​လေသည်​။

Don't Stop Believing Where stories live. Discover now