Episode - 37

8.3K 639 74
                                    

" ဟဲလို ...​အေး ဇာလီ။ ငါ မိုးဝဿန်​... "

" ...... "

" နင်​မန္တလေး​ ဘယ်​တော့သွားမှာလဲ ... "

" .... "

" ဟုတ်​လား ဒါဆိုအ​တော်​ပဲ။ သန်​ဘက်​ခါ ငါနဲ့ မ ... တိုင်းရင်းသား​ကျေးရွာသွားလည်​မလို့ အဲ့ဒါနင်​ကောလိုက်​ဦးမလား ? "

" ..... "

" ဟမ်​... အင်း ပါမှာ။ ဇွဲ လည်း လိုက်​မယ်​တဲ့။ ပြီး​တော့ ဆရာမ​ဒေါ်မြတ်​မြတ်​ဆွေပါ ပါမယ်​ဟ ... နင်​လည်းလိုက်​မယ်​မဟုတ်​လား .... "

" .... "

" အို​ခေ .... ဒါဆို ငါ့အိမ်​ကို သန်​ဘက်​ခါမနက်​၇ နာရီအ​ရောက်​လာခဲ့​နော်​။ အိမ်​လိပ်​စာသိတယ်​မဟုတ်​လား ... နင့်​အိမ်​ကိုလိုက်​ပို့ခိုင်းလိုက်​နော်​... okay သူငယ်​ချင်း ... see u ... "

ဇာလီတင့်​ဆီဆက်​ပြီးတာနဲ့ သူ့မမဆီဖုန်း​ခေါ်လိုက်​ပြီး

" ဟဲလို မ ... "

" အင်း​ပြော က​လေး ... "

တဖက်​ကပျားရည်​လိုချိုမြမြ မ ရဲ့အသံ​လေးကြာလိုက်​ရ​တော့ မိုး​ပျော်​မိပါသည်​။

" ဟို​လေ ဇာလီတင့်​ဆီဖုန်းဆက်​မေးပြီးပြီ မ။ သူမန္တ​လေး မသွားရ​သေးဘူးတဲ့။သန်​ဘက်​ခါ မိုးတို့နဲ့လိုက်​မယ်​လို့ ပြောတယ် .... ဇွဲ ကိုလည်း မေးပြီးပြီ သူလည်း လိုက်​မယ်​တဲ့ ... "

" ဟုတ်​လား ဒါဆိုပို​ကောင်းတာ​ပေါ့ က​လေးရဲ့။ လူများ​တော့ ပို​ပျော်​စရာ​ကောင်းတာ​ပေါ့ .... "

" ဟုတ်​ကဲ့ ... မ ညစာစားပြီးပြီလားဟင်​? "

" စားပြီးပြီ က​လေး​ကော ? "

" ပြီးပြီ မ ရဲ့။  ဟင်း .. "

သူ့ရဲ့သက်​ပြင်းချသံကို တစ်​ဖက်​က သူ့မမကြားလိုက်​သောအခါဝယ်​

" ဟယ်​ သက်​ပြင်း​တွေချလို့ပါလား။  ဘာစိတ်​ညစ်​စရာရှိလို့လဲ က​လေးရဲ့ .. "

Don't Stop Believing Where stories live. Discover now