Episode - 29

6.9K 523 35
                                    


လင်း​မှေးခနဲအိပ်​ပျော်​သွား​ပေမဲ့ သိပ်​မကြာခင်​မှာပဲ ပြန်​နိုးလာခဲ့သည်​။ မျက်​လုံး​လေးဖွင့်​ကြည့်​လိုက်​တော့ သူ့က​လေး​လေးက​ကျောင်းစာ​တွေကိုစိတ်​ဝင်​တစား လုပ်​နေပုံရ၏ ။​သူအ​တော်​အတန်​ကြာတဲ့အထိ သူ့က​လေး​လေးအား​ငေး​မောကြည့်​နေမိသည်​။ သူ​ငေးကြည့်​နေစဉ်​မှာပဲ စာလုပ်​နေတဲ့သူ့က​လေး​လေးက လှုပ်​လှုပ်​ရွရွနဲ့ အ​ညောင်းဆန့်​နေတာမို့ လင်း​တော်​ကြာသူ​ငေးကြည့်​နေတာ​တွေ သူခိုးလူမိဖြစ်​မှာဆိုးလို့ မျက်​လုံး​လေးကို အသာပြန်​မှိတ်​လိုက်​လေသည်​။ ပြီး​တော့ လင်း အ​ကြောင်းအရာ​လေးအချို့ကို​တွေး​တော​နေမိသည်​။

ထုံးစံအတိုင်းပဲ သူက​လေးကို ဘယ်​လိုမျိုးအချစ်​နဲ့ချစ်​နေမိတာလဲဆိုတဲ့ အ​ကြောင်းအရာကိုပဲ ထပ်​ခါတလဲလဲ ပြန်​စဉ်းစား​နေတုန်း​ပေါ့ ။ ဒီက​လေး​လေးကို သူမြင်​နေရရင်​ကို စိတ်​ထဲမှာအလိုလို​ပျော်​ရွှင်​နေရတယ်​။ ဒီက​လေးနဲ့အကြည့်​ချင်းစုံပါလျှင်​လင်း ရင်​တွေတုန်​သလိုလို စိတ်​လှုပ်​ရှားမိပါ​သေးသည်​။

သို့​ပေမဲ့လဲ ပ​ဟေဠိဆန်​ဆန်​မေးခွန်း​တွေအတွက်​တော့ အ​ဖြေက အရင်​အတိုင်းပဲ​ထွေ​ထွေထူးထူးမရရှိ​သေးတဲ့အချိန်​မှာပဲ​ဘေးနား၌ ချွတ်​ချွတ်​ချွတ်​ချွတ်​အသံကြားလိုက်​ရ၏ ။ မိုး က​ခြေ​ဖော့ပြီး သူ့​ဘေးကို အသာ​လေး​လျှောက်​လာတာဆို​ပေမဲ့လဲ လင်း သတိထားမိလိုက်​သည်​။

ဒီက​လေး​လေး ဘာလုပ်​မလို့လဲ​ပေါ့ ဟု လင်း​တွေး​နေစဉ်​မှာပဲ သူ့ရဲ့မျက်​နှာပြင်​ပေါ်သို့ မိုး ရဲ့နှာဖျားကထွက်​လာတဲ့​လေထု​နွေး​နွေးတို့က လင်း ရဲ့ပါးပြင်​ကို ဖြတ်​ပြေး​ဆော့ကစားသွားသည်​မို့ လင်း ကျတ်​သီးဖျန်းခနဲထသွားခဲ့ရသည်​။

' သူ ... သူ ... ဘာလုပ်​မလို့ပါလိမ့်​..... ´

မိုး သတိမထားမိခဲ့သည့်​လင်း ရဲ့လက်​ဖဝါးလးဟာ ကျစ်​ကျစ်​လေးဆုပ်​လိုက်​မိ၏ ။ တခုခုကိုစိတ်​လှုပ်​ရှား​နေသလိုပဲ ရင်​တွေတဒိတ်​ဒိတ်​နဲ့ အသည်း​တွေယား​နေသည်​။

Don't Stop Believing Where stories live. Discover now