Episode - 51

6.6K 597 34
                                    


​နွေး​လေး ရဲ့ကုတင်​နားသုိ့ မိုး​လျှောက်​သွားလိုက်​ပြီး

" အိပ်​ပျော်​နေတုန်းထင်​တယ်​.... "

သူ​ခပ်​တိုးတိုး​ပြောလိုက်​တော့ လင်း ရဲ့​မေ​မေက

"​စော​စောက ခဏနိုးလာ​သေးတယ်​သမီးရဲ့ ... သူ့​မေ​မေ​ကော လို့​မေးပြီးပြန်​မှေးရင်း အခု​တော့ အိပ်​ပျော်​သွားပြန်​ပြီ .... "

" အိ်​ပ်​ပျော်​တာက မိုး တို့​ထိုး​ပေးထားတဲ့​ဆေးကြောင့်​ပါ ....​ကောင်း​ကောင်းအိပ်​ပျော်​မှ အားပြန်​ပြည့်​လာမှာ .... ဒါနဲ့ ဆရာမ​က ဘယ်​သွားလို့လဲ အန်​တီ ? "

" အိမ်​ခဏဆိုပြီးပြန်​သွားတာ အဲ့ဒါအခုထိ ပြန်​မ​လာ​သေးဘူး သမီးရယ်​.... "

" ဟုတ်​လား .... ဘယ်​အချိန်​ထဲက ပြန်​သွားတာလဲ အန်​တီ ? "

" ည​နေကပြန်​သွားတာ .... ဖုန်း​ခေါ်ကြည့်​တော့လဲ မကိုင်​လို့​လေ ... အဲ့ဒါ အန်​တီပြန်​လိုက်​ကြည့်​ရင်​ကောင်းမလားလို့​တွေး​နေတာ ..... ဒါ​ပေမဲ့​မြေး​လေးအနားမှာလဲ လူနာ​စောင့်​ကရှိမှ ဖြစ်​မှာ ..... "

မိုး လက်​ပတ်​နာရီကို ကြည့်​လိုက်​တော့ အချိန်​က ည ၈ နာရီထိုး​ကျော်​တော့မည်​မို့ စိတ်​နည်းနည်းပူသွားမိသည်​။

" မိုး ကိုဆရာမရဲ့ဖုန်းနံပါတ်​လေး​ပေးပါလား အန်​တီ .... "

"​အော်​အေး​အေး သမီး .... "

​လင်း ရဲ့​မေ​မေကသူ့ဖုန်း​လေးကို ထုတ်​ကာ သမီးဖြစ်​သူရဲ့ ဖုန်းနံပါတ်​အား မိုး ကို​ခေါ်​ပေး​လေသည်​။ မိုး​ထိုဖုန်းနံပါတ်​ကို​ခေါ်ကြည့်​ပါ​သော်​လည်း တစ်​ဖက်​မှ ဖုန်းမကိုင်​ပေ ။ နှစ်​ကြိမ်​သုံးကြိမ်​လောက်​ဆက်​တိုက်​ခေါ်ပါ​သော်​လည်း ထို့အတူပင်​။

မိုး​လေပူတစ်​ချက်​မှုတ်​ထုတ်လိုက်​ရင်း

" ကားနဲ့ကိုယ်​တိုင်​မောင်းပြီးပြန်​သွားတာလား အန်​တီ ? "

Don't Stop Believing Where stories live. Discover now