လင်း ဆီမှာဖုန်းလာသောအခါ မိုး ဖုန်းကိုပိတ်လိုက်မိသည်။
'တောင်းပန်ပါတယ် မ။ မိုး ဟာတကယ့်ကို ကံမကောင်းတဲ့လူသားပါ။ မ အနားမှာ မိုး ဆက်နေနေဦးမယ်ဆိုရင်မ ဒီထက်ပိုဆိုးတဲ့ အရာတစ်ခုခုဖြစ်နေလိမ့်မယ်။ မိုးကြောက်တယ်,မ။ မိုး ကြောက်တယ် ... ´
ဦးကောင်းထက်ပြန်လာတော့ သူ့သမီးအခန်းထဲသို့ အရင်ဆုံးသွားကြည့်လေသည်။ ထုံးစံအတိုင်း မိုး ကတော့ ကုတင်ပေါ်ခွေခွေလေးပင်။
" သမီးဆရာမက သမီးလေးကိုမျှော်နေတဲ့ပုံပဲ။ သမီး ဆရာမဆီတစ်ခေါက်လောက်တော့သွားသင့်တယ်.... ချက်ချင်းသွားဖို့ Daddy မပြောပါဘူး။ သမီးစိတ်ကြည်လာမှာပါ ..... "
အဖေပြောတော့ မိုး သက်ပြင်းတစ်ချက်ချလိုက်မိပြန်သည်။
သူ့ မမကို မိုးတွေ့လည်း တအားတွေ့ချင်မိသည်။ သို့ပေမဲ့ သွားတွေ့ရမှာကိုလဲ သူကြောက်နေ၏။ လင်း ကသူ့ဆီကို ဖုန်း ၂ခေါက်လောက်ထပ်ဆက်ခဲ့တာမို့ ၃ ရက်မြောက်တဲ့နေ့မှာတော့ မိုး စိတ်ကိုတင်းလိုက်ပြီး သွားတွေ့ဖို့ဆုံးဖြတ်လိုက်တော့သည်။ ကျေးဇူးရှင်ကို ထိုကဲ့သို့ရှောင်နေလို့မရတာလည်း သူသိပါသည်။ ထို့ကြောင့်သူ အန်တီဝင်းကို ကြက်ပေါင်းရည်လေး ပြုတ်ခိုင်းပြီးဆေးရုံဖို့သွားဖို့ ပြင်ဆင်ခဲ့သည်။
အဖေကတော့ ထိုနေ့က အရေးတကြီးအလုပ်ကိစ္စရှိနေတာမို့ ကိုယ်တိုင်လိုက်မပို့ပေးခဲ့နိုင်သောကြောင့် ဘကြီးညိုကားနှင့်သာ သွားခဲ့ရသည်။
မိုး ကြက်ပေါင်းရည်ထည့်ထားသည့်ဓာတ်ဗူးလေးကိုကိုင်ရင်း တုန်ယင်တဲ့ခြေလှမ်းတို့နဲ့အတူ လင်း ရှိရာ ၃ လွှာကအခန်းဆီ အရောက်သွားခဲ့၏ ။
အခန်းပေါက်ဝနားရောက်တော့ မိုးခြေလှမ်းကိုတစ်လှမ်းချင်းလေးပင်စွာလှမ်းနေသည်။ အပေါက်ဝနားရောက်တော့ တံခါးလဲဖွင့်ထားတာမို့ အခန်းပြင်ကသာ အသာလေးချောင်းကြည့်လိုက်၏ ။
BẠN ĐANG ĐỌC
Don't Stop Believing
Lãng mạnငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...