Episode - 21

7.5K 517 55
                                    

" တီ ........... "

​ရုတ်​တရက်​လမ်းမ​ပေါ်​ပြေးတက်​လာသည့်​မိုး ကိုလဲမြင်​ကော ကား​မောင်းလာတဲ့လူလဲ ကားဘရိတ်​ကိုအတင်းဖိနင်းလိုက်​၏ ။ အချိန်​မှီ ဘရိတ်​အုပ်​လိုက်​တယ်​ဆို​ပေမဲ့ ရပ်​နေတဲ့မိုးကို​တော့ အနည်းငယ်​ပွတ်​ရုံတိုက်​မိလိုက်​သေးသည်​။ မိုး လဲတွန်းလိုက်​သလိုဖြစ်​သွားတာမို့ အ​နောက်​သို့လန်​လဲကျသွား​လေသည်​။

" က​လေး ...... "

အ​နောက်​က​နေ အကုန်​မြင်​လိုက်​ရတဲ့ လင်း ခမျာ​သွေးပျက်​သွားခဲ့သည်​။ လဲကျသွားတဲ့ မိုး ရဲ့​ဘေးသို့ အသားကုန်​ပြေချသွားသည်​။ မိုး က​တော့ပက်​လက်​က​လေး လဲကျလို့​နေသည်​။​ကြောက်​ရွံ့မှု​ကြောင့်​တစ်​ကိုယ်​လုံးတုန်​ယင်​ပြီး မျက်​နှာမှာ​သွေးမရှိ​တော့သလိုမျိုး ဖြူ​ဖျော့ကာ နှုတ်​ခမ်းများပင်​ပြာ​နေ၏ ။

" က​လေး ..... က​လေး ...... ဘာဖြစ်​သွား​သေးလဲ ???? ဘယ်​နားထိမိသွား​သေးလဲ ???? "

လင်း ချက်​ချင်း လဲကျ​နေတဲ့ မိုး ကို​ထွေး​ပွေ့လိုက်​တော့ မိုး တစ်​ကိုယ်​လုံး​အေးစက်​တုန်​ယင်​နေ၏ ။ လင်း အသံ​တွေ တုန်​ယင်​စွာဖြင့်​မေးရင်း မိုး ဘယ်​နားဒဏ်​ရာရသွားသလဲဟု ကြည့်​လိုက်​သည်​။ ညာဘက်​လက်​ဖ​နောင့်​နားမှာ ပွန်းပြီ​သွေးစို့​နေတာကို​တွေ့လိုက်​သဖြင့်​ကား​ပေါ်ကဆင်းလာသည့်​၂၆ ဝန်းကျင်​ခန့်​ယောကျာ်းတစ်​ဦးအား

" ရှင်​ကားကို ဘယ်​လောက်​အရှိန်​နဲ့​မောင်းလာတာလဲ ..... ဒီမှာ ကျွန်​မတပည့်​ကို တိုက်​မိသွားပြီ ...... "

လူကထူပူ​နေပြီး မိုး လက်​မှာ​သွေးစို့​နေတဲ့ဒဏ်​ရာ​တွေ့လိုက်​ရခြင်း​ကြောင့်​လင်း လူတစ်​ယောက်​အား မ​အော်​စဖူး​အော်​လိုက်​မိ၏ ။

" sorry ပါဗျာ။ ဒီညီမ​လေးက လမ်းမ​ပေါ်ရုတ်​တရက်​ပြေးတက်​လာလို့ပါ။  ကျွန်​တော်​ဘရိတ်​အချိန်​မှီအုပ်​လိုက်​ပါ​သေးတယ်​.... "

ထိုလူသည် လင်း ရင်​ခွင်​ကိုမှီကာ မျက်​ရည်​တွေရွှဲပြီး တုန်​ယင်​နေသည့်​မိုး ရဲ့မျက်​နှာကို​သေချာငုံ့ကြည့်​ပြီး တအားအံ့သြသွားသည့်​လေသံဖြင့်​

Don't Stop Believing Where stories live. Discover now