Episode - 4

8.6K 661 9
                                    

ကောင်းကင်၌လိမ္မော်ရောင်စဉ်တန်းအချို့နဲ့ နက်ပြာရောင်စဉ်တန်းတို့က သွယ်ယှက်နေပါသည် ။
နေမင်းကြီးဟာအနောက်ဘက်သို နိမ့်ကြနေကာ ကြက်ဥအနှစ်ရောင်နဲ့ လှပနေသည် ။

မိုးရာသီမို့ သူလျှောက်လာတဲ့ လမ်းလေးတစ်လျှောက်လေး၌ မြက်နုနုစိမ်းလေးများက အစီအရီပေါက်ရောက်နေကြသည် ။ လေပြေညှင်းလေးက သူမရဲ့ပါးပြင်ကိုပွတ်တိုက်သွားသည်မို့ 'မိုးဝဿန်လွင်' သဘောကျစွာပြုံးမိလိုက်သည် ။

သူများတွေလို ကျောပိုးလွယ်အိတ်ကိုကျောကုန်းထက်မလွယ်ပဲ လက်ကနေကိုင်ထားတာကတော့ သူမတူတဲ့ 'မိုး' ရဲ့စတိုင်လ်တစ်ခုပင်ဖြစ်သည် ။

" ပြန်ရောက်ပါပြီ ..... "

ခါတိုင်းနဲ့မတူပဲ ပြန်ရောက်လာတဲ့ 'မိုး' ရဲ့မျက်နှာ၌ ပြုံးဖန့်ဖန့်အပြုံးတစ်စုံကို မြင်လိုက်တာမို့​ဒေါ်​လေးဝင်း က ဝမ်းသာစွာဖြင့် စီးကြိုလေသည် ။

" သမီး​လေး .... ဒီနေ့ကျောင်းစတက်ရတာ အဆင်ပြေတယ်ထင်ပါရဲ့ မျက်နှာလေးကို ရွှင်လန်းနေတာပဲ .... "

သူမရဲ့အပြုံးကဆက်လက်တည်မြဲစွာဖြင့် ခေါင်းညိမ့်ပြကာ

" အဆင်ပြေတယ်​ဒေါ်​လေးဝင်း .... "

" တော်သေးတာပေါ့ ...... ဒေါ်လေးက သမီး​လေး ကားလမ်းကူးရတာ အဆင်မှပြေပါ့မလား စိတ်ပူနေတာ တစ်နေကုန်ပါပဲ ......... "

" ကားလမ်း ............... ကူးရတာ အဆင်ပြေပါတယ် ......... နောက်နေ့လဲ မိုးတစ်ယောက်တည်းပဲကျောင်းသွားမယ်​ဒေါ်​လေး လိုက်ပို့ပေးဖို့ မလိုတော့ပါဘူး ......... မိုး အခုအထက်တန်းကျောင်းသူဖြစ်နေပြီလေ ............ "

" ဟုတ်ပါပြီကွယ် ............ ကဲ အဝတ်အစားသွားလဲပြီး ရေစောစောချိုးနော် သမီး​လေး ......... "

" ဟုတ်ပါပြီရှင် ............ "

ပြုံးစိစိဖြင့် အပေါ်သို့ မိုး တက်သွားသောအခါမှ တံခါးအကွယ်ကနေ ရပ်ကြည့်နေတဲ့ 'ဒေါ်မူယာသွယ်' လက်ပိုက်ကာထွက်လာလေသည် ။

" မျက်နှာကတော့ ပြုံးရွှင်နေတာပဲ။ ကျောင်းမှာ စာဘယ်နှလုံးလိုက်လုပ်လာလဲတော့ မသိဘူး "

Don't Stop Believing Where stories live. Discover now