Episode - 36

6.9K 567 58
                                    


သူ့မမရဲ့အိမ်​ရှေ့​ရောက်​ပြီမို့ မိုး ကား​ပေါ်မှဆင်းလာခါ ခြံထဲဝင်​လိုက်​တော့ အိမ်​ရှေ့ဖိနပ်​ချွတ်​သို့ ထဘီရင်​လျား​လေးနဲ့ ဆင်းလာတဲ့သူမရဲ့ မမ ။

" မ .....​ရေချိုးမလို့လား ? "

" ဟုတ်​တယ်​က​လေးရယ်​။ ရေ​လေးချိုးချင်​လို့ မချိုးရတာ ၂ ရက်​ရှိပြီ​လေ .... "

​ဟုတ်​တာ​ပေါ့​ကျောက်​ပတ်​တီးကြီးကအခုထိ မဖြည်​ရ​သေးတာမို့ သူ့မမခမျာ​နေ့တိုင်း​ရေချိုးချင်​တိုင်း ချိုးလို့ကမရ။

" တစ်​ယောက်​တည်းချိုးလို့ အဆင်​ပြေပါ့မလား မရယ်​။ အန်​တီ​ကော ? "

"​မေ​မေလဲဖျား​နေတယ်​က​လေးရဲ့။ အဲ့ဒါ​ကြောင့်​  မ​,စောစောတုန်း​လေး​ရေချိုးပြီး​ မေ​မေ့အတွက်​ လမ်းထိပ်​ထွက်​ပြီး တခုခု​လေးဝယ်​ပေးမလို​လေ .... "

" ဟင်​... မဖြစ်​သေးပါဘူး မရယ်​..... ကဲ မိုး ကူချိုး​ပေးမယ်​.... "

မိုး အိမ်​ရှေ့ဖိနပ်​ချွတ်​မှာ သူ့​ကျောပိုးအိတ်​ကိုချကာ သူ့မမကိုတွဲ​ပေးပြီး​အောက်​သို့ဆင်း​စေသည်​။

" ဖြည်းဖြည်းဆင်း​ချော်​လဲ​နေမယ်​.... "

​ရေချိုးတဲ့​ ကျောက်​စည်​နားအထိ တွဲပို့အပြီး ဆပ်​ပြာခွက်​ကိုချကာ အဖုံးဖွင့်​ပေး​လေသည်​။ ပြီး​တော့​ရေခွက်​ကို​ကောက်​ကိုင်​လိုက်​သဖြင့်​

" က​လေးရယ်​ရေ​တွေ စိုကုန်​ပါ့မယ်​... "

" စိုလဲ ကိစ္စမရှိပါဘူးမရယ်​ကျောပိုးအိတ်​ထဲမှာ အဝတ်​အစားတစ်​စုံပါတယ်​။ ဒီည မရဲ့အိမ်​မှာအိပ်​မှာ။ Daddy ကိုခွင့်​တောင်းလာပြီးပြီ ..... "

​ပြောရင်း​ရေတစ်​မုတ်​ကို​ကျောက်​စည်​အတွင်းမှ ခပ်​လိုက်​၍ တ​တောင်​ဆစ်​နားမှစပြီး လက်​ဖျားအထိ​ကျောက်​ပတ်​တီးကိုင်​ထားသည့်​မရဲ့ညာလက်​ကို အသာ​လေးအ​ပေါ်​မြှောက်​ကိုင်​လိုက်​၏ ။

"​ ရေမစို​အောင်​အ​ပေါ်ခဏ​လေး​မြှောက်​ထား​နော်​။ ကဲ မိုး​ရေ​လောင်း​ပေးမယ်​.. "

Don't Stop Believing Where stories live. Discover now