Episode - 28

6.8K 590 57
                                    

မ ကစာ​တွေမလုပ်​သေးဖို့မှာထားခဲ့​ပေမဲ့ မိုး သင်္ချာတွေထိုင်​တွက်​နေမိသည်​။​နေ့လည်​တခြားလဲ လုပ်​စရာမရှိတာ​ကြောင့်​စာလုပ်​ရင်းသာ သူ့မမပြန်​အလာကို​မျှော်​နေမိသည်​။ ဖြစ်​နိုင်​မယ်​ဆိုရင်​နာရီလက်​တံ​တွေကိုသာ ကိုယ့်​စိတ်​တိုင်းကျ ဆွဲလှည့်​ပစ်​လိုက်​ချင်​ပါသည်​။

​ကျောင်းဆင်းချိန်​ရောက်​တော့ လင်း မိုး ဆီသို့ဖုန်း​ခေါ်လိုက်​ပြီး

" က​လေး ဘာစားချင်​လဲဟင်​? မ ဘာဝယ်​ပေးခဲ့ရမလဲ ? "

"​ ထွေ​ထွေထူးထူးစားချင်​တာ​တော့ မရှိပါဘူး မရယ်​။ မဝယ်​ခဲ့ပါနဲ့​နော်​... "

" အဖျား​ကောရှိ​သေးလားဟင်​က​လေး ဘယ်​လို​နေ​သေးလဲ ? "

" မရှိ​တော့ပါဘူးမရဲ့ ... သက်​သာ​နေပါပြီ ... "

" ဟုတ်​လား ဒါ​ပေမဲ့ဖျားပြီးကာစဆို​တော့ က​လေး မာမာ​တွေစားလို့ဖြစ်​ဦးမယ်​မထင်​ဘူး။ မ ကြာဇံထုတ်​လေးလမ်းထိပ်​ရောက်​ရင်​ဝင်​ဝယ်​ခဲ့မယ်​နော်။ အိမ်​ရောက်​တော့ ပြုတ်​ပေးမယ်​ဟုတ်​ပြီလား .... "

" ရပါတယ်​မရယ်​တကူးတကကြီး မလိုပါဘူး။အခု အပြန်​ကို ဘကြီးညိုကားနဲ့ ပြန်​လာမှာမဟုတ်​လား မ ? "

" ဘကြီးညိုကို လာမကြိုခိုင်​တော့ဘူး က​လေးရဲ့ ... အ တစ်​ယောက်​တည်းအတွက်​နဲ့ လာခိုင်းရမှာ အားနာလို့​လေ ... သူလဲ အသက်​ကြီးပြီမဟုတ်​လား ... နားပါ​စေဆိုပြီး လာမကြိုပါနဲ့​တော့လို့ မှာလိုက်​တယ်​.... Bus ပဲစီးခဲ့မယ်​လေ က​လေး ... "

" မရယ်​ပင်​ပန်း​တော့မှာပဲ ညကလဲ မိုး​ကြောင့်​အိပ်​ရေးပျက်​ထားရတာ မဟုတ်​လား .... "

" မပင်​ပန်းပါဘူး က​လေးရယ်​....​ဟော​ပြောရင်းဆိုရင်း Bus ကား​တောင်​လာ​နေပြီ ... ဖုန်းချလိုက်​တော့မယ်​နော်​က​လေး .... "

" ဟုတ်​ကဲ့ ကားအတက်​အဆင်း ဂရုစိုက်​နော်​မ ... "

" ဟုတ်​ပါပြီရှင့်​.... "

Don't Stop Believing Where stories live. Discover now