Episode - 39

7.3K 503 45
                                    

" Morning မ ..... "

မနက်​ခင်းအလင်း​ရောင်​ဖျဖျ​လေး အခန်းထဲသို့ဝင်​ရောက်​လာတဲ့အချိန်​၌ မိုး ကဦးစွာနိုးထလာပြီး​ဘေးကသူ့မမနိုးတဲ့အထိ​စောင့်​ကာကြည့်​နေခဲ့ခြင်းဖြစ်​သည်​။ သူ့ကို​ဘေးက လက်​လေး​ထောက်​ကာ ပြုံးပြုံး​လေး​ဘေး​စောင်းကြည့်​နေသည့်​က​လေး​လေးရဲ့ကြည်​လင်​ဝင်းပတဲ့အပြုံးကို မြင်​ပြီး လင်း နိုးနိုးချင်းပဲ ပြုံး​ရောင်​သမ်းသွားရသည်​။

" က​လေး အ​စောကြီးနိုး​နေပါလား .... "

လင်း လက်​က​လေးနှစ်​ဖက်​ကို ဆန့်​ထုတ်​လိုက်​ပြီး​ဘေးကသူ့က​လေး​လေးအား လည်​ပင်းက​နေ သွယ်​ယှက်​လိုက်​၏ ။

" ummm .... မ နိုးတာ​လေး​စောင့်​ကြည့်​ချင်​လို့ ..... "

" ဒီက​လေး​လေးက​တော့ ..... "

မျက်​နှာမသစ်​ပဲနဲ့​တော့ အိစက်​ညက်​ညောလှတဲ့ မိုး ရဲ့ပါးပြင်​နုနု​လေးကို လင်း နမ်းလိုက်​ပြီး

" ထကြစို့ .... အတူတူမျက်​နှာသစ်​ကြမယ်​.... "

" ဟုတ်​..... "

နှစ်​ယောက်​သား အတူတူမျက်​နှာသစ်​သွားတိုက်​ကြပြီးတဲ့​နောက်​အဝတ်​အစားလဲကာ breakfast ဆင်းစားကြသည်​။ ဒီ​နေ့မှာ​တော့ မ ကကျစ်​ဆံ​မြီး​လေးကျစ်​ထားကာ မြန်​မာဆန်​ဆန်​ချိတ်​ထဘီ အဝါ​လေးနဲ့ရင်​စိအဝါချိုင်းပြတ်​က​လေးအား ဆင်​မြန်းထားပြီး မ ရဲ့အလှကကျတ်​သ​ရေရှိလွန်းလှပါသည်​။

မိုး က​တော့ထုံးစံအတိုင်းပဲ ဂျင်းပန်​အနက်​လေးကိုမှ အ​ပေါ်ကရှပ်​အကျီင်္မိုးပြာ​ရောင်​လက်​ရှည်​လေးနှင့်​လက်​ကို​ခေါက်​တင်​ထားပါသည်​။ ပြီး​တော့ sun glasses ကိုလဲ​ခေါင်း​ပေါ်ချိတ်​တင်​ထား​သေးသည်​။ မသိလျှင်​တရုတ်​မ​လေးတစ်​ယောက်​နဲ့​တောင်​တူ​နေ၏ ။

Breakfast စား​သောက်​လို့အပြီးမှာ​တော့ Hotel နဲ့လဲမနီးမ​ဝေးလွန်းလှတဲ့ ကမ်း​ခြေမှာပဲတည်ထားပါ​သော​စေတီ​တော်​လေးတစ်​ဆူအား ၂​ယောက်​အတူသွား​ရောက်​ဖူး​မြော်​ခဲ့ကြပါသည်​။ ပြီး​တော့ ထိုအနီးနားတစ်​ဝိုက်​က​ကျောက်​ဆောင်​လေး​တွေနားမှာပဲ မိုး ကသူ့မမအား အလှဓာတ်​ပုံ​လေး​တွေ ရိုက်​ပေး​ခဲ့သည်​။ post မ​ပေးတတ်​တဲ့ သူ့မမကို သူကိုယ်​တိုင်​post​တွေ​သင်​ပေးရတာလဲ သူ့မှာအ​မော ။ သူကိုယ်​တိုင်​photographer ကြီးလုပ်​ကာ မသိလျှင်​professional photographer တစ်​ယောက်​အသွင်​ပင်​ပေါက်​လို့​နေပါသည်​။ လင်း က​တော့ရှက်​ရှက်​နဲ့ပဲ သူ့က​လေးသင်​ပေးတဲ့အတိုင်း post​လေး​တွေ ကြိုးစားပမ်းစား​ပေး​နေရရှာသည်​။

Don't Stop Believing Where stories live. Discover now