Episode - 19

6.7K 566 29
                                    

"​ဒေါက်​ဒေါက်​....... "

" သမီး​လေး Hanna .......  "

တံခါးကို ၂ ချက်​တိတိ​ခေါက်​ပြီးမှ ဦး​ကောင်းထက်​သူ့သမီး​လေးအခန်းထဲသို့ဝင်​ခဲ့သည်​။ စားပွဲခုံမှာ စာထိုင်​လုပ်​နေတဲ့ သူ့သမီးကိုမြင်​တော့

" သမီး​လေး Daddy​ကြောင့်​စာလုပ်​ပျက်​သွားပြီလား ... "

မိုး​ဘောပင်​ကို လက်​မှချလိုက်​ကာ သူ့အ​ဖေကို လှည့်​ကြည့်​လိုက်​သည်​။ အ​ဖေမှာ ခရီးပြန်​ထွက်​ရ​တော့မည်​မို့​လေဆိပ်​သွားဖို့ ဝတ်​စုံပြည့်​ပင်​ဝတ်​ထားပြီး​နေပါပြီ ။ လက်​ထဲမှာလဲ ဗူး​လေး ၂ ဗူးကိုင်​ထားပြီး တစ်​ဖက်​မှာလဲ စာအိတ်​လေးတစ်​အိတ်​။

သူ့သမီးကို ဘူး​လေး ၂ ဘူး အရင်​လှမ်း​ပေးလိုက်​ပြီး

" ဒါ သမီးအတွက်​Daddy ရဲ့ Birthday Present .. "

သူဖွင့်​ကြည့်​လိုက်​တော့ ဂျပန်​နိုင်​ငံထုတ်​Sony keypad ဖုန်း​လေး ၂ လုံး။ တစ်​လုံးက အနက်​ဖြစ်​ပြီး တစ်​လုံးက​တော့ အဖြူ​လေးဖြစ်​သည်​။

" တစ်​လုံးက သမီးအတွက်​တစ်​လုံးက သမီးရဲ့ ဆရာမအတွက်​... သမီးအတွက်​က သမီးကြိုက်​တဲ့ Black​လေး။ သမီး​က သမီးရဲ့ဆရာမအတွက်​ပဲ​တောင်းဆို​ပေးခဲ့တယ်​ဆို​ပေမဲ့ Daddy က သမီး​လေးအတွက်​ပါ ဝယ်​ပေးချင်​လို့။ ဘယ်​လိုလဲ သမီး သ​ဘောကျရဲ့လား ? "

မိုး သ​ဘောကျစွာပြုံးရယ်​ရင်း သူ့အ​ဖေကို ထဖက်​လိုက်​သည်​။

" Daddy ရယ်​ကျေးဇူးအများကြီးတင်​ပါတယ်​.... "

ဦး​ကောင်းထက်​သူ့သမီး​လေး​ခေါင်း ကို ပွတ်​ပေးပြီး

" ဒါက​တော့ သမီး​လေးအတွက်​တစ်​လစာ အသုံးစရိတ်​၃ သိန်း ..... "

စာအိတ်​လေးကို စားပွဲ​ပေါ်သို့ တင်​ပေးလိုက်​သည်​။

" Daddy ရယ်​... သမီးမှာ Daddy ပြီးခဲ့တဲ့လ ခရီးမထွက်​ခင်​တုန်းက​ ပေးခဲ့တဲ့​ငွေ​တွေ​တောင်​ ရှိ​နေပါ​သေးတယ်​..... "

Don't Stop Believing Opowieści tętniące życiem. Odkryj je teraz