Episode - 15

7.2K 565 47
                                    


ညက အ​ဖေကိုယ်​တိုင်​ဘေးမှာ​စောင့်​အိပ်​ပေးတာမို့ မိုး​ဆေးရုံ၌ ဒုတိယ​မြောက်​ညကိုလဲ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​ပျော်​ခဲ့သည်​။ မနက်​စော​စော ဆရာဝန်​ကြီး​တွေ round လှည့်​ပြီး​သောအခါမှာ​တော့ မိုး ရဲ့အ​ခြေအ​နေမှာ လူ​ကောင်းလို ပြန်​လည်​ထူထူ​ထောင်​ထောင်​ဖြစ်​နေပြီး စိတ်​ချရတဲ့အ​ခြေအ​နေဖြစ်​ပြီမို့​ဆေးရုံက​နေဆင်းခွင့်​ပြုလိုက်​၏ ။

ဒါနဲ့ပဲ သားအဖနှစ်​ယောက်​ဘကြီးဖြိုးလာကြိုတဲ့ကားနဲ့ ပြန်​ဖို့လုပ်​ကြသည်​။ ကား​ပေါ်​ရောက်​သောအခါ

" Daddy ..... "

" ဟင်​သမီး ... ? "

" သမီး အိမ်​မပြန်​သေးပဲ ဆရာမ ဆီသွားချင်​တယ်​.... မ​နေ့က ဆရာမလဲ နည်းနည်းဖျားချင်​နေတယ်​..... အစက ဒီ​နေ့မနက်​လဲ လာမယ်​ပြောထားတာ အဲ့ဒါအခုအချိန်​ထိ မ​ရောက်​လာ​သေး​တော့ ဖျားများ​နေလို့လားမသိဘူး Daddy ရယ်​.... သမီး စိတ်​ပူလို့ ခဏ​လောက်​ဆရာမအိမ်​ကို သွားကြည့်​ချင်​တယ်​Daddy ..... "

"​အော်​အင်းပါ သမီးရယ်​... သမီး သ​ဘောပါ .... ကဲ ဦး​လေးညို​ရေ ... ဆရာမ​လေး အိမ်​ကိုအရင်​မောင်းဗျာ .... "

"​ကောင်းပါပြီ ဆရာ ...... "

သူတို့ရဲ့ ကား​လေးဟာဆိုရင်​ဖြင့်​ဆရာမ​လေး​ဒေါ်လင်းဝတ်​ရည်​သော်​၏ အိမ်​ဆီသို့ ဦးတည်​မောင်းနှင်​ခဲ့ပါ​တော့သည်​။

X    X    X    X    X    X    X    X

လင်း ၏အိမ်​ရှေ့သို့​ရောက်​သော်​ဘကြီးညိုက ကားရပ်​ပေးသည်​။ မိုး ကား​ပေါ်မှဆင်းကာ ခြံတံခါး​ရှေ့က​နေ အထဲသို့လှမ်းကြည့်​လိုက်​လေသည်​။

" ဆရာမ ..... "

တစ်​ချက်​အော်​ခေါ်​ပေမဲ့ အိမ်​ထဲမှာ လူအရိပ်​အ​ယောင်​ပင်​မ​တွေ့ရ ။ ခြံတံခါး​လေးကိုတွန်းလိုက်​တော့ တံခါးက အလိုက်​သင့်​ပွင့်​သွားတာမို့ ခြံထဲသို့ဝင်​ပြီး အိမ်​ပေါက်​ဝ​ရှေ့၌ ရပ်​လိုက်​သည်​။

Don't Stop Believing Where stories live. Discover now