Episode - 8

7.5K 595 34
                                    

" Morning Daddy ... "

မိုး ခါတိုင်းနဲ့မတူ မနက်​စော​စောထကာ​အောက်​ထပ်​ဆင်းလာသဖြင့်​သူ့အ​ဖေ တအံ့တသြဖြစ်​နေ​လေသည်​။

" Morning သမီး​လေး Hanna ..... ဒီ​နေ့​ကျောင်းပိတ်​ရက်​မဟုတ်​လား သမီး ... "

မိုး မနက်​စာပြင်​ဆင်​ထားတဲ့ စားပွဲဝိုင်းမှာ ဝင်​ထိုင်​လိုက်​ကာ

" ဟုတ်​တယ်​လေ Daddy ရဲ့ ... "

" မသိပါဘူး ထူးထူးခြားခြား အ​ဖေ့သမီး​လေးက စ​နေ​နေ့လို​ကျောင်းပိတ်​ရက်​မှာ​တောင်​အ​စောကြီးအိပ်​ရာထ​နေလို့​လေ .... ခါတိုင်းဆို သမီး​လေးက​ကျောင်​ပိတ်​ရက်​တွေမှာ ၁၁ နာရီ​လောက်​မှ နိုးတာမဟုတ်​လား .... "

အ​ဖေကတပြုံးပြုံးနဲ့​ပြော​တော့

" ဒီ​နေ့​နေ့လည်​လောက်​ဆို ဆရာမ စာလာသင်​မှာ Daddy ရဲ့ ...​နောက်​ပြီး မနက်​ပိုင်း​လေး အိမ်​ရှေ့မှာ​ဒေါ်ကြီးနဲ့တူတူ နှင်းဆီပန်းပင်​လေး​တွေ စိုက်​မလို့​လေ အဲ့ဒါ​ကြောင့်​စော​စောစီးစီးထလာတာ Daddy .... "

" ဟာ ! Daddy သမီးက​တော့ကွာ ပန်းပင်​တွေဘာ​တွေ​တောင်​ပြန်​စိုက်​တော့မယ်​ပေါ့ ....​ကောင်းတယ်​ကောင်းတယ်​သမီး​ရေ .... "

" ဟီး ...... "

ထုံးစံအတိုင်း သားအဖနှစ်​ယောက်​ပျော်​ပျော်​ရွှင်​ရွှင်​စကား​ပြော​နေကြပြီဆိုပါလျှင်​အဖျက်​သမားဖြစ်​တဲ့​ဒေါ်မူယာသွယ်​က အမြဲ​ရောက်​ရှိလာစမြဲပင်​။

​ဒေါ်မူယာသွယ်​စားပွဲမှာဝင်​ထိုင်​လိုက်​တာနဲ့ မိုး ဇတ်​ခနဲထရပ်​လိုက်​ကာ​ကော်​ဖီခွက်​က​လေးကို​ကောက်​ယူလိုက်​သည်​။

" Have a nice day ... Daddy .... သမီးအ​ပေါ်ပြန်​တက်​တော့မယ်​.... "

သမီးဖြစ်​သူရဲ့စိတ်​ကိုသိပြီးသားမို့ ဦး​ကောင်းထက်​ဘာမှဆက်​ပြောမ​နေ​တော့​ခေါင်းညိမ့်​၍သာ

"​အေး​အေး သမီး .... Have a nice day too .. Hanna .... "
မိုး အိမ်​ပေါ်ထပ်​သို့တက်​သွားပြီး​နောက်​ထမင်းစားခန်းထဲသို့ အ​ဒေါ်ကြီးဝင်​လာပြီး

" ဘာများလိုအပ်​သေးလဲ ဆရာ ? "

" မလိုအပ်​ပါဘူး​ဒေါ်​လေးရယ်​.... သမီး​လေးအတွက်​သာ မုန့်​တခုခုစီစဉ်​ပေးပြီး အ​ပေါ်ထပ်​ကိုသွားပို့​ပေးလိုက်​ပါဦး ... "

Don't Stop Believing Where stories live. Discover now