Episode - 38

7.8K 595 78
                                    

" Daddy ..... "

" Hey သမီး ...​စော​စောစီးစီးနိုးလို့ပါလားကွဲ့ ... "

" ဟုတ်​... Daddy ကိုသမီး request လုပ်​စရာ​လေးရှိလို့ .... "

ဦး​ကောင်းထက်​သူ့သမီး​ကော်​ဖီခွက်​လေးထဲ​ကော်​ဖီဌဲ့ထည့်​ပေးလိုက်​၏ ။​ဘေးမှာ​ဒေါ်မူယာသွယ်​ထိုင်​နေ​ပေမဲ့ မိုး က​တော့သူရှိ​နေတယ်​လို့​တော့ မသတ်​မှတ်​တဲ့ပုံစံချိုးလိုက်​သည်​။

" ကဲ​ပြောပါဦး သမီးရဲ့ .... "

" သင်္ကြန်​တွင်းကို မ ရဲ့​မေ​မေက တရားစခန်းဝင်​တယ်​တဲ့ Daddy .... အဲ့ဒါအိမ်​မှာ မ တစ်​ယောက်​ထဲမို့လို့ ... သင်္ကြန်​တွင်း​လေး ၄ ရက်​လောက်​ကို မ အိမ်​မှာသွား​နေချင်​လို့ .... "

"​အော်​သမီးဆရာမကို အ​ဖော်​သွားလုပ်​ပေးမလို့လား ....​အေး​ပေါ့ သမီးသွားချင်​သွား​လေ ဒါ​ပေမဲ့ Daddy ကအစက ဒီလိုစဉ်းစားထားတာ .... ဒီနှစ်​Daddy တို့ Company ကဦးစီးပြီး​ဆောက်​ထားတဲ့ မဏ္ဍပ်​တစ်​ခုရှိတယ်​..... အဲ့ဒါအဲ့ဒီမဏ္ဍပ်​ဖွင့်​ပွဲကို​တော့ သမီးကိုလိုက်​စေချင်​တာ .... "

ဦး​ကောင်းထက်​အဲ့လို​ပြောလိုက်​တော့​ဒေါ်မူယာသွယ်​မျက်​မှောင်​ကြီးကြုပ်​သွား၏ ။ ဒါတစ်​နည်းအားဖြင့်​ပြောရမယ်​ဆိုရင်​သူ့သမီးကို Company ကလူ​တွေ​ရှေ့ကို ချပြချင်​တာပဲမဟုတ်​လား ။​ဒေါ်မူယာသွယ်​စိတ်​ထဲက​တော်​တော်​လေးကို မ​ကျေမနပ်​ဖြစ်​နေ​ပေမဲ့ မျက်​နှာပန်းကို အချိုသာဆုံးပြန်​ပြင်​ရင်း

" ဟုတ်​သားပဲ အန်​တီတို့ Comany ကဦးစီးဖွင်​လှစ်​တာမို့ ဖွင့်​ပွဲ​တော့ သမီး​လေးပါတက်​သင့်​တာ​ပေါ့ .... "

ခါတိုင်းလိုဆို သူဝင်​ဝင်​ပြောလိုက်​ရင်​ဆန့်​ကျင်​ဘက်​လုပ်​တတ်​သည့်​မိုး က ဒီတစ်​ခါမှာ​တော့ ပညာသားပါပါပင်​ခေါင်းညိမ့်​လိုက်​ကာ

" ရတယ်​လေ Daddy ရဲ့ .... ဖွင့်​ပွဲက မနက်​ပိုင်းမဟုတ်​လား .... သမီးလိုက်​ခဲ့​ပေးမှာ​ပေါ့ .... အဲ့ကအပြန်​ကျမှ ဘကြီးညိုကို မ အိမ်​လိုက်​ပို့​ခိုင်းမယ်​လေ ... "

Don't Stop Believing Where stories live. Discover now