Episode - 44

5.9K 535 44
                                    

လေယာဉ်​ပေါ်ကဆင်းလိုက်​တာနဲ့ တိုက်​ခတ်​လာတဲ့​ဆောင်း​လေ​ပြေ​သွေး​လေးအား အမိအရနမ်းရှိုက်​လိုက်​ပါသည်​။

သူရပ်​ထားတဲ့​မြေကြီးကိုတစ်​ချက်​ငုံ့ကြည့်​လိုက်​ပြီး

'မ' ရှိ​နေတဲ့​ဒီ​မြေ​ပေါ်မှာ မိုး​နောက်​တစ်​ကြိမ်​ပြန်​ပြီး​ခြေချရပြန်​ပြီ .....

​လက်​ကိုင်​အိတ်​လေးကိုဆွဲပြီး​လေးလံတဲ့​ခြေလှမ်းတို့ဖြင့်​လေဆိပ်​ထဲသို့​ရောက်​ရှိခဲ့​လေပြီ ။​လေဆိပ်​အ​ဆောက်​အဦးအ​ပေါ်ထပ်​မှ ဆင်းလာပြီး ပစ္စည်း​ရွေးရမဲ့​နေရာသို့ တန်းသွားခဲ့သည်​။ ပြီး​တော့သူ့ laggage​လေးကို​ရွေးပြီး အပြင်​ထွက်သွား​လို​က်​၏ ။

မိုး မျက်​စိလျင်​လျင်​ကစားပြီး တစ်​စုံတစ်​ယောက်​ကိုရှာ​နေမိသည်​။

" မိုးဝသန်​..... "

ဝမ်းသာအားရနဲ့ သူ့နာမည်​ကို​အော်​ခေါ်လိုက်​တဲ့သူထံသို့ မိုး ကြည့်​လိုက်​မိသည်​။

ငယ်​ငယ်​က ဆံပင်​ရှည်​ရှည်​ပြည့်​ပြည့်​ဖြိုးဖြိုး​လေးနဲ့ ညို​ချော​လေးဖြစ်​တဲ့ ဇာလီတင့်​မှာ ဆံပင်​ကဂုတ်​ဝဲသာသာပဲ ရှိ​တော့ပြီး အလုပ်​တွေပိ​နေလို့လား​တော့ မသိ လူကအရင်​ကတစ်​ဝက်​လောက်​သာကျန်​တော့သည်​။ သို့​ပေမဲ့ အရင်​က​ထက်​တော့ သူ့သူငယ်​ချင်းပို​ချောလာပါသည်​လို့ မိုး ထင်​မြင်​မိ​၏ ။

မိုး ထွက်​ပေါက်​ကို​ကျော်​လွန်​လာ​တော့ ဇာလီတင့်​ကသူ့အား ဝမ်းသာအားရ​ပြေးဖက်​လေသည်​။ ပြီး​တော့သူ့ကို​မော့ကြည့်​ကာ

" မိုးဝဿန်​လွင်ရယ်​... နင်​အရပ်​ကြီးရှည်​လာလိုက်​တာဟယ်​။ ပြီး​တော့ အရင်​ကထက်​အများကြီး​ပို​ချောလာတယ်​သိလား အဟိ .... "

ဖြီးစပ်​စပ်နဲ့​ပြော​နေတဲ့ ဇာလီတင့်​ကိုကြည့်​ပြီး မိုး တစ်​ချက်​လေးပြုံးလိုက်​မိသည်​။

" နင်​လဲ အခုမှ slim body​လေးဖြစ်​ပြီး အရင်​ကထက်​ပို​ချောလာတယ်​.... "

Don't Stop Believing Where stories live. Discover now