Episode - 42

6.5K 551 94
                                    


" နင်​ရှေ့အပတ်​ထဲမှာ ဂျပန်​သွား​တော့မယ်​ဆို ? ငါ ငဇွဲ​ဆီကကြားပြီးပြီ ..... "

ဇာလီ​မေး​တော့ မိုး ဇာလီ့မျက်​နှာကိုမကြည့်​ပဲ စာအုပ်​က​လေးကိုသာ ဆက်​ဖတ်​ရင်း​ခေါင်းညိတ်လိုက်​သည်​။

" နင်​ဟာ .... ဒီမှာ​ဆေး​ကျောင်းဆက်​တက်​လဲ ရ​နေတဲ့ဟာကို ..... ဘာလို့ဟိုသွားမှာလဲ .... "

ဇာလီတင့်​ရှုံ့မဲ့မဲ့မျက်​နှာ​လေးနဲ့​ပြော​တော့ မိုး သက်​ပြင်း​ဖြေး​ဖြေး​လေးတစ်​ချက်​ချလိုက်​ကာ

" ငါစိတ်​သစ်​လူသစ်​နဲ့ ဘဝသစ်​ပြန်​စချင်​လို့ပါ ..... နင်​လဲ law တက်​တဲ့အခါကျ​ကျောင်းမှာ ငါ့ထက်​ကောင်းတဲ့ သူငယ်​ချင်းအသစ်​တွေနဲ့ ထပ်​ဆုံရမှာပါ ဇာလီ ..... "

" အိုကွာ ..... ဘယ်​လိုသူငယ်​ချင်းအသစ်​တွေထပ်​ရပါ​စေ နင်​နဲ့ ငဇွဲက​တော့ ငါ့ဘဝမှာ အချစ်​ရဆုံး သူငယ်​ချင်း​တွေပါ ..... ahhh ဒါနဲ့ ဒီမှာ​ရော့ နင်​ကြိုက်​တဲ့​ကျောင်းနားကပူတင်း .... ငါလမ်းကြုံလို့ဝယ်​လာ​ပေးတာ ..... "

ဇာလီတင့်​သူ့လက်​ထဲထည့်​ပေး​သော ပူတင်းဗူး​လေးအား မိုး မမှိန်​မသုန်​ငေးကြည့်​ကာ မ အရင်​ကသူ့အတွက်​ဝယ်​ပြီးအိမ်​အထိလာလာပို့​ပေးခဲ့တဲ့မြင်​ကွင်း​လေး​တွေ ပြန်​လည်​မြင်​ယောင်​လာပြန်​သည်​။

မ​နေ​ကော​ကောင်းရဲ့လားမသိဘူး ....

တိုက်​ဆိုင်​မှုရှိသည်​ဖြစ်​စေ မရှိသည်​ဖြစ်​စေ သူ့ရင်​ထဲမှာ​တော့ လင်း ကိုအမြဲတ​စေ သတိရ​နေတုန်းပါ ။

X X X X X X X X X

​လေဆိပ်​ကိုမသွားခင်​သူငယ်​ချင်း ၂​ယောက်​နဲ့အတူ​ဖေ​ဖေလိုက်​ပို့​ပေးလို့​ကျောင်းသို့​ရောက်​ရှိခဲ့သည်​။ ထို့​နောက်​အထက်​တန်းတုန်းက စာသင်​ပေးခဲ့ကြသည့်​ဆရာ ဆရာမများနှင့်​အတူ​ကျောင်းဆရာမကြီးထံသို့ ဝင်​ရောက်​နှုတ်​ဆက်​ကာ ထိုင်​ကန်​တော့ခဲ့ပါသည်​။

​ရှေ့မှာဦးသုံးကြိမ်​ချ​နေတဲ့ မိုး ကိုကြည့်​ပြီး ဆရာမ​ဒေါ်မြတ်​မြတ်​ဆွေ သက်​ပြင်း​လေးတစ်​ချက်​မသိမသာချလိုက်​မိသည်​။

Don't Stop Believing Where stories live. Discover now