Episode - 47

7.8K 600 58
                                    


​ဆေးရုံသို့​တေဇာတစ်​ယောက်​အထုတ်​အပိုး​တွေဆွဲပြီး ပြန်​လည်​ရောက်​ရှိလာပါသည်​။

" သမီး အ​ခြေအ​နေဘယ်​လို​နေ​သေးလဲဝတ်​ရည်​? "

​တေဇာ့ပုံစံက အခုကျ​တော့လဲ​နေ့လည်​ကသူဘာမှ မလုပ်​ထားသည့်​ပုံစံဖြင့်​လင်း ကိုလာပြီး​ပြောဆို​နေသည်​။ လင်း လဲစိတ်​ထဲမှာ​တော့ ခံပြင်း​ပေမဲ့လဲ အပြင်​မှာ​တော့ ဘာမှမဖြစ်​သလို​နေ​နေလိုက်​ပြီး

" အင်း​စော​စောကသတိရလာပြီးမှ အခုပြန်​အိပ်​ပျော်​သွားတယ်​.... "

" နှလုံး​ကော​အောင့်​သေးတယ်​ပြောလား ? "

" ဟင့်​အင်း .... နှလုံး​တော့မ​အောင့်​တော့ဘူး​ပြောတယ်​... နည်​နည်​တော့​မော​နေ​သေးတယ်​တဲ့ .... "

"​တော်​သေးတာ​ပေါ့ ..... "

လင်း ဆီကသူ့သမီးအ​ခြေအ​နေ​လေးသိရပြီးမှ​တေဇာ လက်​ထဲကအထုတ်​တွေကို​အောက်​ချလိုက်၏ ။

"​စောင်​အိပ်​ယာခင်း နဲ့တခြားလိုအပ်​မယ်​ထင်​တဲ့ ပစ္စည်း​တွေ အန်​တီဝင်းထည့်​ပေးလိုက်​တယ်​ဝတ်​ရည်​.... မနက်​ကျ သမီးစားဖို့​သောက်​ဖို့အတွက်​အိုဗာတင်းဘူး​လေးရယ်​ပေါင်​မုန့်​လေး​တွေပါ ထည့်​ပေးလိုက်​တယ်​ပြောတယ်​.... ပြီး​တော့ ဒီမှာ သမီး​လေးရဲ့​ဆေးမှတ်​တမ်းဖိုင်​.... "

​တေဇာ ချိုင်းကြားညှပ်​လာတဲ့ ဖိုင်​တစ်​ခုကို လင်း လက်​ထဲထည့်​ပေးလိုက်​ပြီး

" ကိုယ်​ဖွင့်​ကြည့်​ပြီးမှ ယူလာတာ .... "

အထဲဖွင့်​ကြည့်​လိုက်​တယ်​ဆို​သော​ကြောင့်​လင်း မျက်​လုံး​လေး​တွေ ဝိုင်းစက်​သွားသည်​။

" ဖွင့်​ကြည့်​လိုက်​သေးတာလား .... စာရွက်​စာတမ်း​တွေ​ကော အပြင်​ထုတ်​လိုက်​သေးလားဟင်​? "

လင်း မျက်​လုံးဝိုင်း​လေးဖြင့်​ခပ်​သွက်​သွက်​မေးလိုက်​သည်​။ သူ့ရင်​ထဲ တစ်​စုံတစ်​ရာကို စိုရိမ်​နေ​ပေမဲ့ အပြင်​ပန်းမှာ​တော့ ဘာမှသိပ်​ထွေ​ထွေထူးထူး ဖြစ်​နေပုံမ​ပေါ်​အောင်​ထိန်းထားသည်​။

Don't Stop Believing Where stories live. Discover now