Episode - 9

7.2K 598 37
                                    


" ဒီဓာတ်​ပုံ​လေးကို ကြည့်​ပြီး ခဲပန်းချီပြန်ဆွဲထားတာလားဟင်​က​လေး ? "

စာ​ရေးစားပွဲထိပ်​တွင်​ထောင်​ထား​သော ဓာတ်​ပုံ​ဘောင်​လေးထဲက အမျိုးသမီးနဲ့က​လေး​လေးပုံကို ကြည့်​ကာ လင်း​မေးလိုက်​တော့

" ဟုတ်​တယ်​မ ....... "

" အ​မေက​ချောလိုက်​တာ​နော်​.... တရုတ်​မျိုးလားဟင်​? "

လင်း​မေခွန်း​ကြောင့် မိုး ရယ်​လိုက်​ပြီး

" မဟုတ်​ဘူး မ ရဲ့ .... ဂျပန်​လူမျိုးပါ .... "

မိုး ရဲ့အ​ဖြေ​ကြောင့်​လင်း တအံ့တသြဖြစ်​သွားကာ

"​တော်​တော်​လေးကို​ချောတာ .... က​လေးက အ​မေတူတာသိလား .... အဲ့ဒါ​ကြောင့်​က​လေးလဲ​ချောတာ .... "

​ပြောရင်း မိုး ပါး​လေးအား လင်း အသာ​လေးဆွဲလိုက်​လေသည်​။ မိုး က​တော့ သူ့မမရဲ့အပြုအမူများ​ကြောင့်​ရင်​တွေခုန်​ပြီးရင်း ထပ်​ခါထပ်​ခါခုန်​နေရပါ​တော့သည်​။

" ကဲ .... စာ စလုပ်​ကြမယ်​နော်​....​မ တို့​တွေ schedule အရင်​ဆွဲကြရင်​ကောင်းမယ်​..... "

လင်း ကသူ့ကိုယ်​သူ အရင်​ကလို ဆရာမ လို့​မ​ပြော​တော့ပဲ 'မ' လို့တစ်​လုံးထဲ​ပြောလိုက်​ခြင်းက မိုး အတွက်​ပိုနှစ်​သက်​သ​ဘောကျစရာဖြစ်​သွား​စေခဲ့သည်​။ မိုး နှစ်​လိုဖွယ်​ရာပြုံးလိုက်​ကာ

" ပို​ကောင်းတယ်​...​အော်​schedule ဆွဲပြီး လုပ်​တာကို​ပြောတာ မ ... ဟီး .... "

လင်း သူ့ကို မျက်​စောင်း​လေးတစ်​ချက်​ထိုးလိုက်​ရင်း

" က​လေးစုတ်​လေး ..... မ schedule အရင်​ဆွဲလိုက်​ဦးမယ်​...​လော​လောဆယ်​Bio ဖတ်​စာအုပ်​လေးထုတ်​ထား​ပေး​နော်​.... "

မိုး သူ့ မမ ရဲ့မျက်​စောင်းတစ်​ချက်​ကြောင့်​ရင်​တွေလှိုင်းထန်​သွားကာ သွား​လေးဖြဲလိုက်​၏ ။

" ဟုတ်​ကဲ့ပါရှင့်​....... "

မိုး တက်​ကြွစွာဖြင့်​လင်း​ပြောသလိုလုပ်​လေသည်​။ သူ့မမ schedule ထိုင်​ဆွဲ​နေချိန်​၌​ကျောင်းမှာ Bio ဆရာမ ရှင်းပြထားသမျှကို​သေချာလိုက်​ပြန်​ဖတ်​ကြည့်​နေ၏ ။

Don't Stop Believing Donde viven las historias. Descúbrelo ahora