Episode - 34

6.8K 549 26
                                    


မြူခိုးလိုလိုအ​ငွေ့​တွေရှိ​နေတဲ့ လမ်းမကြီးတစ်​ခုက မိုး ရဲ့မျက်​စိ​ရှေ့မှာရှိ​နေသည်​။

ဒါ​ဘယ်​နေရာလဲ ... ?
ဘာလို့ ဘယ်​သူမှရှိမ​နေတာလဲ ? ငါတစ်​ယောက်​ထဲလား ... ?

မိုး ဟိုဘက်​လှည့်​ကြည့်​လိုက်​ဒီဘက်​လှည့်​ကြည့်​လိုက်​ဖြင့်​ခြောက်​ခြားစိတ်​တွေဝင်​လာ​ပါသည်​။

" Hey ဘယ်​သူမှ မရှိကြဘူးလား .... "

" Hanna ......... "

လမ်းရဲ့တစ်​ဖက်​ဆီမှ​အော်​ခေါ်လိုက်​တဲ့ အသံ​ကြောင့်​မိုး အ​ရှေ့တည့်​တည့်​ဆီသို့ စူးစိုက်​ကြည့်​လိုက်​မိ၏ ။

" ဟင်​...... "

မိုး ရဲ့နှုတ်​ခမ်းဖူးဖူး​လေး​တွေ ပွင့်​ဟသွားကာ မျက်​လုံး​လေးများကြည်​လင်​တောက်​ပသွားခဲ့ပါသည်​။

" အိုကာစံ ......​မေ​မေ ...... "

တစ်​ဖက်​လမ်းဆီမှ သူ့ကိုပြုံးပြုံး​လေးလှမ်​ကြည့်​နေတဲ့​မေ​မေ့ကို မိုး မြူခိုး​ငွေ့​တွေကြား​မသဲကွဲစွာ​တွေ့လိုက်​ရ​သော​ကြောင့်​သူတစ်​ဖက်​လမ်းဆီ ဝမ်းသာအားရ​ပြေးသွားဖို့လုပ်​တော့

" သမီးမလာနဲ့ ... "

​မေ​မေက​လှမ်း၍​အော်​ပြောတာ​ကြောင့်​

" ဘာလို့လဲ​မေ​မေ ? သမီးလာခဲ့​မယ်​လေ။ သမီး​မေ​မေ့ကိုတအားလွမ်း​နေတာ သိလား ..... "

​မေ​မေက မိုး ကို​လက်​ကာပြပြီး

"​သမီးအဲ့မှာပဲရပ်​နေ​နော်​။ မေ​မေအဲ့ကိုလာခဲ့မယ်​.... "

​မေ​မေကလာခဲ့မယ်​ပြောတာ​ကြောင့်​မိုး အ​ပျော်​ကြီး​ပျော်​သွားခဲ့​လေသည်​။ ချက်​ချင်း​ခေါင်းညိမ့်​ပြကာ

" ဟုတ်​ကဲ့ .... မြန်​မြန်​လာခဲ့​လေ​ မေ​မေရဲ့ ..... "

​မေ​မေကသူ့ကို ရယ်​ပြရင်း ကားလမ်း​ပေါ်တက်လာ၏ ။​မေ​မေလမ်းလယ်​ခေါင်​လောက်​ရောက်​တဲ့အချိန်​မှာ​တော့ ဘယ်​က​နေဘယ်​လို​ပေါ်လာမှန်းမသိတဲ့ ကားတစ်​စီးဟာ မြူခိုး​တွေကြားမှ​ပေါ်ထွက်​လာကာ သူ့ဆီကိုလာ​နေတဲ့​မေ​မေ့အား အရှိန်​နဲ့ဖြတ်​တိုက်​သွား​လေ​တော့သည်​။

Don't Stop Believing Where stories live. Discover now