Episode - 11

7.8K 629 74
                                    


​နောက်တစ်​ရက်​ကျောင်းပြန်​ဖွင့်​တဲ့ရက်​မှာ​တော့ လင်း Bus ကား​ပေါ်က​နေ ဆင်းလိုက်​ပေမဲ့ ခါတိုင်းလို မျက်​လုံး​လေးနှစ်​ဖက်​ကို​ကွေး​နေ​အောင်​ပြုံးရယ်​ပြီး ခြင်း​ထောင်းကိုအတင်းလာဆွဲကြို​ပေးတတ်​တဲ့ မိုး ကိုမ​တွေ့လိုက်​ရသဖြင့်​ရင်​ထဲဟာတာတာပင်​ဖြစ်​ခဲ့ရသည်​။
သူ​ကျောင်းများ မလာလို့လားဟု စိတ်​ထဲကထင်​မိ​ပေမဲ့ အတန်းထဲဝင်​တဲ့အချိန်​မှာ​တော့ မိုး အားသူထိုင်​နေကျစားပွဲခုံမှာ​တွေ့လိုက်​တာ​ကြောင့်​ရင်​အေးရပြန်​သည်​။

သို့​ပေမဲ့လဲ မိုး မှာခါတိုင်းနဲ့မတူ​ချေ ။ သူစာသင်​နေတာ​ကိုလဲ လိုက်​မကြည့်​။ ပြူတင်း​ပေါက်​ကိုပဲ အချိန်​ပြည့်​ငေးကြည့်​နေလေသည်​။

လင်း က​ဘေးနားသွားရပ်​တာ​တောင်​မှ လုံးဝသူ့ကိုဂရုမစိုက်​သည့်​ဟန်​ဖြင့်​သာ သူကြည့်​နေသည့်​ပြူတင်း​ပေါက်​ကမြင်​ကွင်းဆီသို့သာ​ငေးကြည့်​မြဲပင်​ဖြစ်​သည်​။

ထိုသို့​ငေးကြည့်​နေတဲ့ မိုး အား လင်း​သေချာလက်​ပိုက်​ပြီးရပ်​ကြည့်​မိပြန်​တော့ မိုး ရဲ့​ဘေး၌ ထိုင်​နေသည့်​ဇာလီတင့်​က သူတို့ ၂​ယောက်​ရဲ့မျက်​နှာကို ဟိုဘက်​ကြည့်​လိုက်​ဒီဘက်​ကြည့်​လိုက်​ဖြစ်​နေသည်​။

ဇာလီ ကလက်​ကို အသာလှမ်းဆွဲ​တော့မှ မိုး​ငေး​နေတာကိုရပ်​ကာ ဇာလီဘက်​သို့လှည့်​လိုက်​ရင်း

" ဘာလဲ ဇာလီ ? "

" ဟဲ့ ဆရာမ black board မှာ​ရေး​ပေးထားတဲ့ အ​ဖြေ​တွေ လိုက်​ကူး​လေ .... တစ်​တန်းလုံးလိုက်​ကူး​နေကြတယ်​နင်​တစ်​ယောက်​ပဲ ... "

ဇာလီ . မိုး ရဲ့နားအသာကပ်​ကာ တိုးတိုး​လေး​ပြော​လေသည်​။

" ဟို မှာ ... နင့်​ကိုရပ်​ကြည့်​နေတယ်​လေ .... စာကူး​ရေး​တော့ ..... "

ဇာလီက​ဘေးက​ပြော​နေ​သော်​လဲ မိုး က​တော့​ဘောပင်​လဲမကိုင်​စာအုပ်​လဲမဖွင့်​။ အမှန်​အတိုင်း​ပြောရလျှင်​မိုး ရဲ့အပြုအမူ​တွေက လင်း ကိုစိတ်​တို​စေပါသည်​။ သို့​ပေမဲ့လဲ သူ့ဘက်​က ဘာလို့အဲ့လို​တွေလုပ်​နေတာလဲ ဘာညာ​ပြောပြန်​ရင်​လဲ စာကူး​ရေး​နေကြသည့်​တစ်​တန်းလုံးက​ကျောင်းသူ​ကျောင်းသား​တွေရဲ့ အကြည့်​တွေက မိုး အ​ပေါ်သို့ကျ​ရောက်​လာမှာကိုလဲ သူမလိုလားခဲ့ပြန်​ပေ ။

Don't Stop Believing Where stories live. Discover now