Episode - 23

6.2K 571 42
                                    


ဆင်​ရေတွင်းကားဂိတ်​နား​ရောက်​ခါနီးကျ​တော့ လင်း ဖုန်းထုတ်​ကာ မိုး ဆီသို့လှမ်းဆက်​လိုက်​သည်​။

" က​လေး .... မ​ရောက်​ခါနီးပြီ .... "

" မိုး ကအခု ကားဂိတ်​တောင်​ရောက်​နေပြီ မ ရဲ့ ...... "

" အို ... က​လေးရယ်​.... မ ဖုန်းဆက်​မှ ထွက်​လာပါဆိုတဲ့ဟာကို ...... "

" ဘာဖြစ်​လဲ မ ရယ်​.... အ​ညောင်းအညာ​တောင်​ပြေ​သေးတယ်​..... "

" ဟုတ်​ပါပြီ ဆရာမကြီးရယ်​..... အခုခဏ​နေ​ရောက်​တော့မယ်​နော်​.... "

လင်း ရယ်​ရယ်​မော​မောနဲ့ စ​နောက်​ရင်း ဖုန်းချလိုက်​လေသည်​။ ကားဂိတ်​ရောက်​လို့ လင်း ကား​ပေါ်ကဆင်းလိုက်​တော့ သူ့ကိုအလှဆုံးအပြုံးနဲ့ ကြိုဆို​နေတဲ့ မိုး ။ လင်း လဲပဲ ပြန်​လည်​အလှဆုံးပြုံးပြရင်း

"​ညောင်း​နေပြီလား က​လေး ? "

" မ​ညောင်းပါဘူး မ ရယ်​..... Ahhh မ ထမင်းစားလာခဲ့ပြီးပြီလား ? "

" စားပြီးပြီ .... က​လေး​ရော ...... "

" မစားရ​သေးဘူး မ ရဲ့ ... "

" ဟင်​နောက်​ကျ​နေပြီ အခုပဲ ၁၂ နာရီခွဲ​တော့မယ်​.... မဆာဘူးလား က​လေးရဲ့ ? "

" နည်းနည်း​တော့ ဆာ​နေပြီ အိမ်​မှာမစားချင်​လို့ထွက်​လာတာ ..... အိမ်​မှာ ဧည့်​သည်​တွေ​ရောက်​နေတယ်​....​ဒေါ်မူယာသွယ်​ဆိုတဲ့မိန်းမရဲ့ ဧည့်​သည်​တွေ ........ လူ​တွေရှုပ်​တာနဲ့ မျက်​စိ​နောက်​လို့ ထွက်​လာတာ ...... "

" က​လေးအခန်းထဲမှာ​နေလို့ရတယ်​မဟုတ်​လား ? "

" ရ​တော့ရပါတယ်​.... ဒါ​ပေမဲ့​အောက်​ထပ်​က ဆူညံသံ​တွေကြား​နေရတယ်​လေ ....... မ ... မိုး ကို ထမင်း​ပေါင်းလိုက်​ကျွေးပါလား ? "

" အင်း​ကျွေးမှာ​ပေါ့ က​လေးရဲ့ ..... က​လေးစားချင်​တာ အကုန်​ကျွေးမယ်​နော်​..... ဘယ်​မှာစားမလဲ ? "

မိုး ဘက်​ကထိုသို့ ဘာစားချင်​တယ်​ညာစားချင်​တယ်​ဝယ်​ကျွေးပါလားဟု အရင်​ကတခါမှ မ​တောင်းဆိုဖူးခဲ့ ။ ဒီ​နေ့ထိုသို့​ပြောလာ​တော့ လင်း လဲအနည်းငယ်​အံ့သြသွားသည်​။ ပြီး​တော့ မိုး အဲ့လိုဝယ်​ကျွေးခိုင်းတာကိုလဲ လင်း သ​ဘောကျ​နေသည်​။

Don't Stop Believing Where stories live. Discover now