Episode - 17

7.3K 588 38
                                    


တစ်​ယောက်​လက်​ကို တစ်​ယောက်​ဆွဲက​ရွှေတိဂုံဘုရာ ရင်​ပြင်​ပေါ်သို့​မြောက်​ဘက်​မုခ်​ဦးမှ တက်​ခဲ့ကြ​လေသည်​။

မိုး ရဲ့ ညာဘက်​လက်​ထဲမှာက​တော့​ပန်းနု​ရောင်​ရေ​မွှေးနှင်းဆီပန်း​လေး ၅ ပွင့်​ကိုစုစည်းထား​သော ပန်းစည်း​လေး ။ အိမ်​မှာကိုယ်​တိုင်​ကိုယ်​ကျစိုက်​ထားတဲ့ နှင်းဆီပန်းပင်​များမှာ တိုက်​တိုက်​ဆိုင်​ဆိုင်​ဒီ​နေ့မှ ၆ ပွင့်​တောင်​ပွင့်​လေသည်​။ အဲ့ဒါနဲ့ ၅ ပွင့်​ကို ဘုရားပန်းကပ်​ဖုိ့ ရည်​စူးကာ သတ်​သတ်​ဖယ်​ထားပြီး ၁ ပွင့်​ကို​တော့ ချစ်​ရပါ​သော မမလင်း ကို မိုးကိုယ်​တိုင်​ပန်​ပေးခဲ့ခြင်းဖြစ်​သည်​။

" မ ကဘာ​နေ့သမီးလဲဟင်​? "

" ကြာသာပ​တေး .... "

မိုး မျက်​လုံး​လေးများဝိုင်းစက်​သွားပြီး

" ဟင်​.... မိုး နဲ့အတူတူပါပဲလား ... မိုး ထင်​ထားတာ မ ကဗုဒ္ဓဟူး သမီး များလားလို့ .... "

" နာမည်​အရကြည့်​ရင်​တော့ ဟုတ်​တယ်​က​လေးရဲ့ .... ငယ်​ငယ်​က​မ ကို​မွေးပြီး​တော့​ဗေဒင်​ပညာနည်းနည်းတတ်​ကျွမ်းတဲ့​မေ​မေ့ရဲ့ဘကြီးက​ဗေဒင်​တွက်​ပေးခဲ့တယ်​တဲ့ .... သူ​ပြောတာ မ က​မွေးကည်းက ကံဇာတာအညံ့ထဲမှာ ရှိ​နေတယ်​တဲ့ အဲ့ဒါ​ကြောင့်​နာမည်​ကို​နေ့နံ​ပြောင်းပြီး ပိုခွန်​အားကြီးတဲ့ ဗုဒ္ဓဟူး​နေ့နံကို​ပြောင်းမြည့်​ပေးလိုက်​တာလို့​မေ​မေက​ပြောဖူးတယ်​... "

" ဗုဒ္ဓဟူး ဆို​တော့ ဆင်​...... ဆင်​ဆို​တော့ အ​ကောင်​ပိုကြီးတယ်​... အဲ့​တော့ အားပိုရှိတယ်​... ဒါဆို မ ကို ပိုအားရှိ​အောင်​ဒီနာမည်​ပေးထားတာဖြစ်​မယ်​နော်​.... "

မိုး ရွှတ်​နောက်​နောက်​နဲ့​ပြော​တော့ လင်း ရယ်​လိုက်​မိသည်​။

" အားရှိဖို့ဆိုတာ​အမြဲ​နေ​ကောင်းပြီး ကျန်းမာ​နေမှရမှာ​လေ ... အဲဒီ​တော့​မေ​မေတို့က မ ကိုကျန်းမာ​ရေး​ကောင်း​အောင်​လို့ ဒီနာမည်​ပေးခဲ့တာဖြစ်​မယ်​.... "

Don't Stop Believing Onde histórias criam vida. Descubra agora