Episode - 33

6.8K 533 37
                                    

​မိုး လည်း သူ့ရင်​ထဲမှာ အ​တော်​လေးခံစားရခက်​နေ​ပေမဲ့ မျက်​နှာက​တော့ဘာမှမဖြစ်​သလိုပင်​။ လင်း လည်းထို့အတူ။ တပည့်​တွေ​ရှေ့၌ အပြုံးမပျက်​ခဲ့။​ နေ့လည်​လသူ့က​လေးအတန်းသို့ ဝင်​ရတဲ့အခါမှာ​တော့ က​လေးကိုအရိပ်​တကြည့်​ကြည့်​နဲ့ ။ က​လေးမျက်​နှာ​လေးက​တော့ ပြုံးရွှင်​နေ​သေးသဖြင့်​လင်း စိတ်​အနည်းငယ်​ အေးခဲ့ရပါသည်​။

​နေ့လည်​ မုန့်​စားဆင်း​တော့ မိုး သူ့မမဆီကိုမသွားပါ။ လူအ​ရောက်​အ​ပေါက်​နည်းတဲ့ အ​ဆောင်​ဘေးက အားကစားရုံ​ဟောင်းကြီးဆီသို့ ထွက်​လာခဲ့သည်​။ သူ့အ​နောက်​က​ ကောင်​လေးတစ်​ယောက်​ ပါလာ​တာကို​တော့ မိုး မသိလိုက်​။

ကစားရုံ​ဘေးက စိန်​ပန်းပင်​ကြီး​ခြေရင်းမှာ ထိုင်​ပြီး​ကောင်​မ​လေးတစ်​ယောက်​တစ်​ရှိုက်​ရှိုက်​ငို​နေပါသည်​။ အရမ်းမွန်းကျပ်​နေတဲ့ သူ့ရဲ့စိတ်​ကိုထွက်​ပေါက်​ပေးဖို့အတွက်​က ငို​ကြွေးခြင်းခုသာ ရှိသည်​မဟုတ်​ပါလား ။

ငိုလို့ဝသွားသာအခါ မိုး​ခေါင်းကိုပြန်​မော့လိုက်​တော့

" ဟင်​! နင်​...... "

သူ့ကိုလက်​ကိုင်​ပုဝါ​လေး လှမ်းကမ်း​ပေး​နေသည့်​ဇွဲကိုကို​ဇော်​ကိုမြင်​တော့ မိုး လန့်​သွားပါသည်​။

" ယူပါဟ။ ငါနင်​ငို​တာကိုလဲ ဘယ်​သူ့ကိုမှ ပြန်​မ​ပြောပါဘူး .... "

ဇွဲ လှမ်း​ပေးတဲ့ လက်​ကိုင်​ပုဝါ​လေးကို မိုး လှမ်းယူပြီး သူ့မျက်​ရည်​စ​တွေကို သုတ်​ယူဖယ်​ရှားလိုက်​ကာ

" ငါ့​နောက်​ကို နင်​လိုက်​လာတာလား ? "

" တမင်​လိုက်​လာတာ မဟုတ်​ပါဘူး။ နင်​ဒီဘက်​ထွက်​လာတာမြင်​လိုက်​လို့ လိုက်​လာတာပါ ... နင်​လည်း သိတယ်​မဟုတ်​လား အားကစားရုံနားက သရဲ​ခြောက်​တယ်​လို့ နာမည်​ကြီး​နေတဲ့​နေရာဆိုတာကို .... "

ဇွဲ ကအရွှန်း​လေး​ဖောက်​ပြီး​ပြောလိုက်​တော့ မိုး ယဲ့ယဲ့​လေးပြုံးလိုက်​ရင်း

Don't Stop Believing Where stories live. Discover now