မိုး က​တော့ဒီတစ်​ညလုံး သူ့မမ​ဘေနားမှာ ငုတ်​တုတ်​။

မနက်​၃ နာရီခွဲ​လောက်​ကျ​တော့

" ဟင့်​အင်း ~~ မလုပ်​ပါနဲ့ ~~~ မလုပ်​~~ ကြပါနဲ့ ~~ ကျွန်​မ​တောင်းပန်​~~ ပါတယ်​~~ "

ပိတ်​ထားတဲ့ မျက်​ခွံ​လေးကို ပိုမိုတင်းကျပ်​စွာ ပိတ်​ထားပြီး​ခေါင်းကိုဘယ်​ညာရမ်းကာ ပါးစပ်​က​နေ ခပ်​တိုးတိုး​ယောင်​ယမ်း​နေတဲ့ လင်း ကို မိုး ကြည့်​ပြီး

" မ ....... "

အရိုက်​ခံထားရလို့ အနည်းငယ်​ယောင်​ပြီး နီမို့မို့ဖြစ်​နေ​တဲ့ လင်း ရဲ့ပါးပြင်​လေးကို မိုး လက်​နဲ့ဖွဖွ​လေးပွတ်​သပ်​လိုက်​ရင်း​ခေါ်လိုက်​မိသည်​။ အိမ်​မက်​ဆိုး​တွေမက်​ပြီး​ယောင်​ယမ်း​နေတဲ့ သူ့မမကို မိုး ကြည့်​ပြီး တကယ့်​ကိုစိတ်​ဆင်းရဲခဲ့ရသည်​။ ဝမ်းနည်းတယ်​ဆိုတာထက်​ပိုပြီး မျက်​ရည်​ကြည်​တွေက​ဝေ့တက်​စွာဖြင့်​ကြည့်​ရင်း

" မ ..... မ ...... "

" မ လုပ်​~~ ကြ ပါ နဲ့ ~~ "

ဆက်​တိုက်​ယောင်​ယမ်း​နေ​ရုံသာမက ပိတ်​ထားတဲ့ လင်း ရဲ့မျက်​ခွံ​အောက်​မှ မျက်​ရည်​စများစိမ့်​ထွက်​လာသည်​။

အို ..... မ ရယ်​.......

မျက်​ခွံ​အောက်​က တိုးထွက်​လာတဲ့ သူ့မမရဲ့မျက်​ရည်​စ​တွေကို မိုး လက်​ချောင်း​လေးများဖြင့်​အသာဖယ်​ရှား​ပေးရင်း သူကိုယ်​တိုင်​လဲ မျက်​ရည်​တွေက ကျ​နေမိပါသည်​။

" မ လုပ်​~~ ပါ ~ နဲ့ ~~ "

ရုတ်​တရက်​လင်း နှုတ်​မှ​ယောင်​ယမ်းလိုက်​တဲ့အသံဟာ အနည်းငယ်​လေးကျယ်သွားပြီး တင်းတင်းကျပ်​ကျပ်​ပိတ်​ထားတဲ့ မျက်​ခွံဟာလဲ တွန်းကန်​ပြီး ဖွင့်​ဟလာ၏ ။

" မ ...... "

သူ့ကိုမျည်​ရည်​ကြည်​လေး​တွေ​ဝေ့တက်​ပြီး ဝိုင်းစက်​တဲ့မျက်​လုံး​လေးနဲ့ ကြည့်​နေတဲ့ က​လေးကို မြင်​လိုက်​ရ​တော့

Don't Stop Believing Where stories live. Discover now