" ဟုတ်​တယ်​သမီး ..... "

" အိမ်မှာ​ကော ဘယ်​သူရှိလဲ ? "

" မနက်​က​တော့ ဘယ်​သူမှမရှိဘူး သမီးရဲ့ .... ည​နေက​တော့​မောင်​တေဇာ ပြန်​များ​ရောက်​လာပြီလား မသိဘူး .... သူ​ခေါ်လို့ပဲ သမီး​လေးပြန်​သွားတာလား​တော့ မသိပါဘူးကွယ်​.... အန်​တီ့လဲ ဘာမှ​သေ​သေချာချာမ​ပြောသွားဘူး ... "

" ကို​တေဇာ့ကိုဖုန်းဆက်​ကြည့်​ရင်​ကော အန်​တီ ..... "

" အန်​တီ​ခေါ်ကြည့်​သေးတယ်​မကိုင်​လို့ ... "

" ထပ်​ခေါ်ကြည့်​ပါဦး .... အခု​ခေါ်လို့မှ မကိုင်​ရင်​မိုး အိမ်​လိုက်​ကြည့်​သွားလိုက်မယ်​အန်​တီ .... "

" အိမ်​ကို သမီးသိလို့လားကွဲ့ ? "

" ဟုတ်​ဆရာမ မင်္ဂလာ​ဆောင်​ပြီးတဲ့​နောက်​ပြောင်းသွားတဲ့အိမ်​ပဲမဟုတ်​လား ? "

သူ​ပြောလိုက်​တော့ လင်း​မေ​မေက​ခေါင်းညိမ့်​ပြရင်း

"​အေး ဟုတ်​တယ်​သမီး ... ရိပ်​သာမြိုင်​အိမ်​ယာဝန်းထဲက .... "

" ဟုတ်​ကဲ့ မိုး အဲ့အိမ်​ကိုသိပါတယ်​.... "

သူ့သမက်​ဆီသို့ ဖုန်း​ခေါ်ကြည့်​ပေမဲ့လဲ တစ်​ဖက်​က စက်​ပိတ်​ထားသည်​လို့ပဲ ပြန်​ဖြေသဖြင့်​

" စက်ပိတ်​ထားတယ်​တဲ့ သမီး​ရေ .... "

ဆံပင်​စည်းထားလို့​ပြောင်​ရှင်းရှင်းဖြစ်​နေတဲ့ သူ့ရဲ့ လည်​တိုင်​လေးအား မိုး ပွတ်​သပ်​လိုက်​ပြီး သက်​ပြင်းတစ်​ချက်​ထပ်​မံ ချလိုက်​မိပြန်​သည်​။

" ဒါဆို မိုး လိုက်​သွားကြည့်​လိုက်​မယ်​အန်​တီ ..... "

"​ကျေးဇူးပါပဲ သမီးရယ်​.... "

" ရပါတယ်​အန်​တီ .... "

မိုး ခပ်​သုတ်​သုတ်​ပဲ ထွက်​လာခဲ့လိုက်​ပြီး မသွားခင်​

"​နွေး​လေး တခုခုထူးခြားတာနဲ့ ကိုယ့်​ကို ဖုန်းဆက်​လိုက်​ချယ်​ရီ .... ကိုယ်​အ​ရေးကြီးကိစ္စတစ်​ခု​ပေါ်လာလို့ အပြင်​ခဏသွားလိုက်​ဦးမယ်​.... "

Don't Stop Believing Where stories live. Discover now