" ဘာများတုန်း မိမိုး ? "

သူက​ပြောစရာရှိတယ်​လို့​ပြောလိုက်​တော့ ၂​ကောင်​သား သူ့ကို​သေ​သေချာချာ ကြည့်​နေ​လေရဲ့ ။

"​နောက်​၃ ရက်​နေရင်​ငါ မ ရဲ့သမီးအကြီး​လေး​နွေး​နေခြည်​သော်​လေးကို operation လုပ်​ပေးရမယ်​.... "

သူ​ပြောလိုက်​တော့ ၂​ယောက်​လုံး ပြူးတူးပြဲတဲ ဖြစ်​ကုန်​ကြသည်​။

" ဟမ်​တီချယ်​လင်း ရဲ့ သမီးကြီး ? ဟုတ်​လား မိမိုး ? "

" ဟုတ်​တယ်​ဇာလီ .... ပြီးခဲ့တဲ့ နှစ်​ပတ်​လောက်​က မ ရဲ့သမီး​နွေး​လေး ငါတို့​ဆေးရုံရဲ့ အ​ရေး​ပေါ်ဌာနကို Heart attack ဖြစ်​ပြီး​ရောက်​လာတယ်​...​နွေး​လေးက​မွေးရာပါနှလုံးအဆို့ရှင်​မ​ကောင်းတာ​လေ ... "

" သနားပါတယ်​ကွာ .... ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ .... ငါတို့ တီချယ်​လင်း​တော့​တော်​တော်​လေး စိတ်​မ​ကောင်းဖြစ်​နေမှာပဲ .... "

" ဟုတ်​တယ်​နော်​ငဇွဲ ...​အေးဟာ ငါတို့ ၂​ယောက်​လဲ တီချယ်​လင်း နဲ့ လာ​တွေ့ဦးမှပါ ... အခု နင်​တို့​ဆေးရုံမှာပဲလား ? "

" ဟုတ်​တယ်​..... "

" ဒါဆို နင်​အခု တီချယ်​လင်း နဲ့ပြန်​ပြီး စကားအ​ခေါ်အ​ပြောရှိ​နေကြပြီ​ပေါ့​နော်​မိမိုး ? "

ဇာလီတင့်​မေး​တော့ မိုး​ခေါင်း​လေးပဲ ညိမ့်​ပြလိုက်​ပြီး

"​အင်း .... "

သူ​ပြော​တော့ ဇွဲ ကသူ့ကို​သေချာလှမ်းကြည့်​ရင်း

" နင်​အဆင်​ကော​ပြေရဲ့လား မိုး ? "

မိုး ခပ်​သဲ့သဲ့​လေးတစ်​ချက်​ပြုံးပြရင်း

"​ပြေပါတယ်​.... ငါအခုအချိန်​မှာ သူ့သမီး​လေးကို အ​ကောင်းဆုံးကြိုးစား ကုသ​ပေးဖို့ပဲ​ခေါင်းထဲရှိတယ်​.... သူ့သမီး​လေး ပြန်​ကျန်းမာလာတာကို ကြည့်​ပြီး မ စိတ်​ချမ်းချမ်းသာသာ ဖြစ်​နေတာကိုပဲ ငါမြင်​ချင်​တယ်​ဟာ .... "

Don't Stop Believing Where stories live. Discover now