အဲ့က​လေးရဲ့ အ​ကြောင်း​လေး​တွေးလိုက်​မိတာနဲ့ သူ့ရဲ့မျက်​နှာ​လေး အလိုလိုပြုံး​နေမိတာကို လင်း သူ့ကိုယ်​သူ သတိမထားခဲ့မိ​ပေ ။

X    X    X    X    X     X    X    X    X

လက်​တစ်​ဖက်​က ခြင်း​တောင်း​လေးကိုဆွဲရင်း တစ်​ဖက်​က​နေ သူ့သမီး​လေးလပြည့်​ဝန်း​သော်​ရဲ့ လက်​က​လေးကို ဆွဲကာ လင်း​ဆေးရုံ​အောက်​ထပ်​သို့ ဝင်​လာခဲ့သည်​။

​ဆေးရုံ​အောက်​ထပ်​မှာဖွင့်​ထားတဲ့ များပြားလှတဲ့မုန့်​ဆိုင်​လေး​တွေထဲက​ရေခဲမုန့်​ပုံ​လေးကပ်​ထားတဲ့ ဆိုင်​လေးတစ်​ဆိုင်​ရှေ့​ရောက်​တော့

"​မေ​မေ .... ပြည့်​လေး​ရေခဲမုန့်​စားချင်​တယ်​.... "

သူ့ကို​မော့ကြည့်​ပြီး​ပြော​နေတဲ့ သမီး​လေးအား လင်း ငုံ့ကြည့်​လိုက်​ပြီး

"​နေ့လည်​ကျမှ​မေ​မေပြန်​ဆင်းဝယ်​ပေးမယ်​နော်​ပြည့်​လေး .... "

သူ​ပြောလိုက်​တော့ ဝက်​ပေါက်​လေးနှုတ်​ခမ်း​လေး​ထော်​လာပြီး

" ရဝူး .... ပြည့်​လေး အခုပဲစားချင်​တာ ... အခုဝယ်​ကျွေးပါ​နော်​...​နော်​မေ​မေ ..... "

သူ့ထဘီစကိုလက်​လေးနဲ့ဆွဲထားတဲ့ ပြည့်​လေးကိုကြည့်​ရင်း လင်း သက်​ပြင်းချမိလိုက်​သည်​။ သမီးရဲ့လက်​လေးကိုဆွဲပြီး ဆိုင်​ထဲဝင်​သွားတဲ့ လင်း ကို အ​နောက်​က​နေပြီး မိုး လှမ်းမြင်​လိုက်​ရ​သည်​။

လက်​ထဲက ကား​သော့ကိုပို​က်​ဆံအိတ်​ထဲသို့ ပြန်​ထည့်​ရင်း ထိုဆိုင်​ရှေ့နားသို့ မိုး​လျှောက်​လာမိသည်​။

"​မေ​မေ ..... ချီ​ပေး ...... "

​ရေခဲ​သေတ္တာကြီးထဲက​ရေခဲမုန့်​တွေကို​ရွေးချင်​နေ​ပေမဲ့ အရပ်​မမှီတာမို့​ပြည့်​လေး သူ့ရဲ့​မေ​မေကို ချီခိုင်း​နေခြင်းသာ ။ သို့​ပေမဲ့ လင်း ရဲ့လက်​ထဲမှာလဲ ဆွဲခြင်း​တောင်းတစ်​ဖက်​နဲ့မို့

" ဘာ​ရေခဲမုန့်​စားချင်​တာလဲ ပြည့်​လေးရဲ့ ....​မေ​မေ့ကို​ပြော​လေ​မေ​မေယူ​ပေးမယ်​.... "

" ဟင့်​အင်း ... ပြည့်​လေး ကိုယ်​တိုင်​ယူချင်​တာ .... "

ဂျီကျ​နေတဲ့သမီးငယ်​ကြောင့်​လင်း သူ့လက်​ထဲကခြင်း​တောင်းကို​အောက်​သို့ချဖို့ ဟန်​ပြင်​လိုက်​သည်​။ တကယ်​တော့ ခြင်း​တောင်းထဲမှာ စားစရာ​တွေထည့်​ထားတာမို့ သူ​အောက်​သို့မချချင်​ပေ ။

Don't Stop Believing Where stories live. Discover now