" ဟင့်​အင်း မထုတ်​ပါဘူး .... ဒီအတိုင်း​လေးပဲ သမီး​လေးရဲ့ ဖိုင်​ဟုတ်​မဟုတ်​စစ်​ကြည့်​လိုက်​တာပါ ...​တော်​ကြာ မှားယူမိမှာဆိုးလို့​လေ ... "

​တေဇာ ရှင်းပြလိုက်​မှ လင်း မသိမသာ​လေး သက်​ပြင်းတစ်​ချက်​ချလိုက်​ရသည်​။

" ဒါက ဝတ်​ရည်​အတွက်​ကိုယ်​ဆေးရုံ​အောက်​ကဆိုင်​က​နေ ဝယ်​လာတာ ..... "

အိတ်​တစ်​ခုထဲက​ကော်​ဖီဗူး​လေးနဲ့ အသားညှပ်​ပေါင်​မုန့်​တစ်​ခုကို ထုတ်​ပေးရင်း လင်း ဆီသို့လှမ်း​ပေး​လေသည်​။

"​နေ့လည်​ထဲက ဘာမှမစားရ​သေးဘူးဆို​တော့ ဆာ​နေမှာပဲဆိုပြီး ဝယ်​လာခဲ့တာ ..... စားလိုက်​ဦး​နော်​.... "

လင်း​ခေါင်း​လေးညိမ့်​ပြီး​တေဇာ​ပေးတဲ့မုန့်​နဲ့​ကော်​ဖီဗူးကို လှမ်းယူလိုက်​သည်​။​သမီး​ဇောနဲ့ လင်း လဲပူထူပြီး သူ့ကိုယ်​သူ ဆာလားမဆာဘူးလား​တောင်​မသိခဲ့ဘူး မဟုတ်​လား ။

"​အော်​... အင်း​.... "

လင်း​ခေါင်း​လေးညိမ့်​လိုက်​တဲ့အခါ​တေဇာ သူ့​ဘေးနားသို့တိုးလာပြီး သူ့ရဲ့ပုခုံးကို လက်​နဲ့အသာလာကိုင်​သည်​။

" ကိုယ်​တောင်းပန်​ပါတယ်​ဝတ်​ရည်​.... သမီးအခုလိုဖြစ်​သွားတာ ကိုယ့်​ကြောင့်​ပါ ....​"

မျက်​နှာငယ်​နဲ့​တောင်းပန်​စကားလာဆို​သော​ယောကျာ်းဖြစ်​သူအား လင်း တစ်​ချက်​မော့မကြည့်​မိပဲ​ခေါင်းငုံ့လျက်​သာ

" ပြီးခဲ့တာ​တွေ ပြီးသွားပြီပဲ​လေ .... "

ဘာမှမဖြစ်​သလို လင်း​ပြောလိုက်​ပေမဲ့ စိတ်​ထဲမှာ​တော့​တေဇာ​ပြောဆိုခဲ့လို့ ဖြစ်​ပေါ်ခဲ့တဲ့ စိတ်​ဒဏ်​ရာ​တွေက​တော့ ဘယ်​တော့မှ လွယ်​လွယ်​နဲ့​မေ့လို့ရမည်​မဟုတ်​ပေ ။

" ဒီညအိမ်​မှာပဲ ပြန်​အိပ်​လိုက်​ပါ .... "

" ဘာလို့လဲ .... ကိုယ်​ပြန်​အိပ်​ရင်​ဝတ်​ရည်​တစ်​ယောက်​ထဲ ဖြစ်​နေမှာ​ပေါ့ ... "

Don't Stop Believing Where stories live. Discover now