​ဆေးရုံအုပ်​ကြီးလို့ မိုး​ပြောလိုက်​တော့ Yuki ရဲ့မျက်​လုံး​လေး​တွေ ဝိုင်းသွားကာ

"​ဖေ​ဖေ့ရုံးခန်းကို ? ဘာလဲ​ဖေ​ဖေနင့်​ကို အလုပ်​တွေ အများကြီးလုပ်​ခိုင်း​နေပြန်ပြီလား ? "

မိုး ရဲ့လက်​မောင်း​လေးကို Yuki ကိုင်​ဆွဲထားရင်း မျက်​လုံး​လေးကလယ်​ကလယ်​နဲ့​မေး​တော့ မိုး​ခေါင်းခါလိုက်​သည်​။

" မဟုတ်​ပါဘူး ..... ငါထွက်​စာသွားတင်​တာပါ .... "

" ဟမ်​!!!!!! "

Yuki အလန့်​တကြား​အော်​လိုက်​မိပြီး

" ဘာလို့လဲ ..... ဒီမှာလုပ်​ရတာ နင့်​အတွက်​တခုခုအဆင်​မ​ပြေတာ ရှိလို့လားဟင်​? "

" မဟုတ်​ပါဘူး .... ငါ​ရှေ့အပတ်​ထဲဆို မြန်​မာပြည်​ပြန်​တော့မှာ မို့လို့ပါ ..... "

" ဘာ !!!! မြန်​မာပြန်​တော့မှာ ဟုတ်​လား Hanna ? "

အလန့်​တကြားထထ​အော်​နေတဲ့ Yuki​ကြောင့်​မိုး တိုးတိုး​ပြောရန်​လက်​ထောင်​ပြလိုက်​ပြီး

" ဒါ​ဆေးရုံ​လေဟာ .... အကျယ်​ကြီး မ​ပြောပါနဲ့ Yuki ရယ်​... "

Yuki ချက်​ချင်း ငို​တော့မဲ့ရုပ်​နဲ့ ရှုံ့မဲ့မဲ့လုပ်​ကာ

" နင်​ကလဲ ဘာလို့ပြန်​မှာလဲ ? ခဏလား အပြီးလား ? "

" အြ​ပီးဖြစ်​ချင်​လဲ ဖြစ်​သွားနိုင်​တယ်​... "

မိုး တည်​တည်​ငြိ်မ်​ငြိမ်​ပဲ ပြန်​ပြောလိုက်​တော့ Yuki ငို​တော့သည်​။

" အကျင့်​ပုတ်​နင်​ငါ့ကို ထပ်​ထားခဲ့ဖို့ လုပ်​ပြန်​ပြီ .... နင်​မရှိ​တော့ ငါဘယ်​လို​နေရမှာလဲ .... "

" နင်​ကလဲ ... အခုနင်​လဲ က​လေးမှ မဟုတ်​တော့တာ ... ငါ့ကိုသတိရရင်​မြန်​မာကို လာလည်​လို့ရတာပဲ​လေ ..... အခု​ခေတ်​မှာ မြန်​မာနဲ့ ဂျပန်​ဆိုတာ​နေ့ချင်း​တောင်​အသွားအပြန်​လုပ်​လို့ ရ​နေပြီပဲ .... "

Don't Stop Believing Hikayelerin yaşadığı yer. Şimdi keşfedin