" သမီး​လေး ကျန်းကျန်းမာမာနဲ့ ဘဝရဲ့ရည်​မှန်းချက်​တွေကို လက်​တွေ့အ​ကောင်​အထည်​ဖော်​နိုင်​ပါ​စေ .... "

"​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ တီချယ်​.... "

မိုး ပြန်​ထရပ်​လိုက်​တော့

" သမီးရဲ့တီချယ်​လင်းကို​ကော နှုတ်​မဆက်​သွား​တော့ဘူးလား ? "

တီချယ်​မြတ်​မေး​သော​မေးခွန်းကို မိုး ချက်​ချင်းပြန်​မ​ဖြေမိခဲ့ ။​တော်​တော်​လေးစဉ်းစားယူပြီးမှ

" နှုတ်​ဆက်​သွားပါ့မယ်​တီချယ်​..... "

" အခုအချိန်​ဆို သမီးဆရာမ နား​နေခန်း​ရှေ့က စားပွဲ​လေးမှာ​ရှိ​လောက်​မယ်​...... "

" ဟုတ်​....​ကျေးဇူးတင်​ပါတယ်​တီချယ်​.... ဒါဆို သမီးကို သွားခွင့်​ပြုပါဦး​တီချယ်​.... "

"​အေးပါကွယ်​....... "

တီချယ်​မြတ်​ကို​ကျောခိုင်းကာ​ခြေ ၃ လှမ်း လှမ်းပြီးမှ​နောက်​သို့တစ်​ချက်​ပြန်​ကြည့်​လိုက်​တော့ တီချယ်​မြတ်​က မိုး ကိုပြုံးပြုံး​လေးရပ်​ကြည့်​နေသည်​။

" တီချယ်​လင်းကို ဂရုစိုက်​ပေးပါ​နော်​တီချယ်​...... "

သူ​ပြော​တော့ တီချယ်​မြတ်​ခေါင်း​လေးညိမ့်​ပြကာ

" သမီးရဲ့ ဆရာမကို စိတ်​ချပါ .... တီချယ်​သေ​သေချာချာ ဂရုစိုက်​စောင့်​ရှောက်​ပေးမှာပါ ..... "

မိုး ပြုံးတယ်​ဆိုရုံ​လေးသာ ပြုံးပြီး တီချယ်​မြတ်​ကို​ကျောပြန်​ခိုင်း၍ ထို​နေရာမှ ထွက်​ခွာခဲ့​လေသည်​။

​X X X X X X X X X

နား​နေခန်း​ရှေ့က စားပွဲခုံ​လေးမှာ အမှတ်​ထိုင်​ခြစ်​နေစဉ်​သူ့​ဘေးနား တစ်​စုံတစ်​ဦးလာရပ်​သည့်​အရိပ်​ကြောင့်​လင်း​မော့ကြည့်​လိုက်​မိသည်​။

တခြားလူမဟုတ်​သူအရမ်းလွမ်း​နေပါတယ်​ဆိုတဲ့ က​လေး​လေးဖြစ်​နေတာ​ကြောင့်​လင်း ရဲ့မျက်​လုံး​လေး​တွေ ဝိုင်းစက်​သွားကာ နှုတ်​ခမ်း​လေးကိုဖွင့်​ဟလိုက်​မိသည်​။

Don't Stop Believing Donde viven las historias. Descúbrelo ahora