Episode - 33

Beginne am Anfang
                                    

" ငါက သရဲ​ကြောက်​တတ်​တဲ့ပုံစံ​ပေါ်​နေလို့လား ? "

" အင်း​ ပေါ်သလိုလိုပဲ ..... "

ဇွဲ ရယ်​လျက်​နဲ့ပဲ ပြန်​ဖြေ​လေသည်​။

" ဟက်​..... ငါအဲ့​လောက်​သွေးမ​ကြောင်​တတ်​ပါဘူး ..... "

ဇွဲ ဘာမှပြန်​မ​ပြောပဲ ပြုံးပြုံး​လေးသာလုပ်​နေပြီး စိန်​ပန်းပင်​ကြီးကိုသာ စိုက်​ကြည့်​နေသည်​။

" နင်​နဲ့ငါ စကား​ပြောဖူးတာ ဒါပထမဆုံးအကြိမ်​မဟုတ်​လား .... "

မိုး​မေးလိုက်​တော့

"​မဟုတ်​ပါဘူး နင်​အရင်​ကလဲငါ့ကို​ပြောဖူးပါတယ်​... "

" အဲ့ဒါ​တွေက​ရန်​ထောင်​ခဲ့တာ​တွေဆို ပိုမှန်​လိမ့််​မယ်​ထင်​တာပဲ .... "

မိုး​ပြောရင်း ရယ်​တော့ ဇွဲ လဲလိုက်​ရယ်​လေသည်​။

" နင်​ငါ့အ​ပေါ် ဘာလို့​ကောင်း​ပေး​နေရတာလဲ ? ငါ့ကိုချစ်​နေတာလား ဒါမှမဟုတ်​ငါကသူ​ဌေးသမီးဖြစ်​နေလို့လား ? "

မိုး ရဲ့​မေးခွန်း​တွေမှာ အရမ်းကိုရင့်​သီး​နေတဲ့​မေးခွန်း​တွေဖြစ်​နေ​ပေမဲ့​မေခွန်းထုတ်​ခဲ့တဲ့ သူ့​လေသံက​တော့ ရင့်​သီးသံတစ်​သံမပါခဲ့ ။ ခပ်​အေး​အေး​လေ​ပြေ​လေညှင်းသံ​လေးနဲ့သာ​ပြုံးပြုံး​လေး​မေးခဲ့ခြင်းပင်​။

" နင်​က သူ​ဌေးသမီးဖြစ်​နေလို့ မဟုတ်​ပါဘူး .... "

ဇွဲ လဲခပ်​အေး​အေး​လေးပဲ ပြန်​ဖြေ​ပေးသည်​။ ဒီအခါ မိုး ဇွဲ ရဲ့မျက်​နှာကို​သေချာ​မော့ကြည့်​လိုက်​ပြီး

" ဒါဆို နင်​ငါ့ကို ချစ်​နေတာ​ပေါ့ ? ဟုတ်​တယ်​မဟုတ်​လား ? "

မိုး​မေး​တော့ ဇွဲ မ​ဖြေ။ ဒီတိုင်း​လေးသာ​ကြောင်​ပြီးရပ်​နေသည်​။ ထို့​ကြောင့်​မိုး ထပ်​မ​မေး​တော့။ မ​ဖြေလဲ သိပြီးသားအ​ဖြေတစ်​ခု မဟုတ်​ပါလား ။

" ဒါ​ပေမဲ့ ဘယ်​လိုလုပ်​ရမလဲ။ ငါနင့်​ကိုဒီတစ်​သက်​ပြန်​ချစ်​နိုင်​မယ်​မထင်​ဘူး ဇွဲကိုကို​ဇော်​..... "

Don't Stop Believing Wo Geschichten leben. Entdecke jetzt