ကြမ်းခင်း​ပေါ်ငုတ်​တုတ်​ထိုင်​ကာ သူ့ကို​မော့ကြည့်​ရင်း ဖြီး​နေတဲ့သူ့က​လေးရုပ်​ကို လင်း ကြည့်​ပြီး

" က​လေး ကလဲအရမ်းရယ်​မ​နေနဲ့​လေ .... က​လေးရယ်​တော့ မ ကပိုရယ်​ချင်​တာ​ပေါ့လို့ ... "

​ပြော​ပြောဆိုဆိုနဲ့ ဆရာတပည့်​နှစ်​ယောက်​တခွီးခွီးရယ်​ကြပြန်​သဖြင့်​ကြားကသူ့​မေ​မေကပဲ ထိန်းရပြန်​သည်​။

မိုး ဦးသုံးကြိမ်​ချပြီး​သောအခါ၌လဲ

" သမီး​လေးမိုး စာ​မေးပွဲကို ကျန်းကျန်းမာမာ​ဖြေဆိုနိုင်​ပြီး ဂုဏ်​ထူး​တွေအများကြီးနဲ့​အောင်​မြင်​ပါ​စေ .... ဖြစ်​ချင်​နေတဲ့လိုအင်​ဆန္ဒ​တွေ တလုံးတဝပြည့်​စုံပြီး ဘဝရယ်​မှန်းချက်​ကို လက်​တွေ့အ​ကောင်​အထည်​ဖော်​နိုင်​တဲ့သူဖြစ်​ပါ​စေ ..... ကျန်းမာချမ်းသာပါ​စေ.... "

'​စေ'​ပေါင်း​မြောက်​များစွာဖြင့်​မပြီးဆုံးနိုင်​အောင်​လင်း​မေ​မေကဆု​တွေအများကြီး​ပေး​နေ​ပေမဲ့ လင်း က​တော့ရှက်​ကိုးရှက်​ကန်းပုံစံ​လေးဖြင့်​သူ့လည်​ပင်းကိုသာ လက်​လေးနဲ့ပွတ်​သပ်ရင်း နှုတ်​ဆိတ်​နေသဖြင့်​

" ဟဲ့ သမီး .... သမီးတပည့်​ကိုဆု​ပေးဦးမှ​ပေါ့ .... ဘယ်​နှယ့်​အကန်​တော့ခံပြီး ငုတ်​တုတ်​ကြီးထိုင်​နေရသလား ..... "

​အ​မေ​ပြော​တော့ လင်း မခို့တရို့​လေးရယ်​လိုက်​ပြီး

" ဟီး သမီးကစိတ်​ထဲက​ပေးပြီးသွားပြီ​မေ​မေရဲ့ .... က​လေး သိတယ်​မဟုတ်​လား ..... "

သူ့က​လေးကို​မေး​လေး​ငေါ့ပြကာ​ပြော​တော့ သူ့က​လေးနှံပီစုတ်​ကလဲ ရယ်​ကျဲကျဲနဲ့

" ဟုတ်​သိပါတယ်​မရဲ့ .....​ပေးတဲ့ဆုနဲ့အကုန်​ပြည့်​ရပါလို၏ ..... ဟီး .... "

လင်း​မေ​မေမှာသူ့သမီးကိုကြည့်​လိုက်​ရှေ့မှာထိုင်​နေတဲ့ မိုး ကိုကြည့်​လိုက်​ဖြင့်​

"​အော်​အော်​ဒီဆရာတပည့်​နှစ်​ယောက်​က​တော့ လိုက်​လဲလိုက်​ပါ​ပေတယ်​ကွယ်​.... "

Don't Stop Believing Where stories live. Discover now