" ဆရာမလည်း နေ့လည်စာ မစားရ​သေးဘူး မဟုတ်​လား ? "

" ကျွန်​မ​ကျောင်းမှာစားခဲ့ပြီးပါပြီ ...... "

တကယ်​တော့ လင်း အဆာ​ပြေမုန့်​လောက်​သာ စားထားမိပါသည်​။​ယောကျာ်းတစ်​ယောက်​နဲ့အတူ ထမင်းလက်​ဆုံမစားချင်​တာ​ကြောင့်​ကြိုတင်​ပြောလိုက်​ခြင်းသာ ။

​တေဇာက လင်း အားကန်​ဘောင်​နားက စိမ်းလန်းစိုပြည်​ထဲသို့​ခေါ်​ဆောင်​သွားသည်​။ ပြီး​တော့ တိုက်​တိုက်​ဆိုင်​ဆိုင်​ပဲ သူနဲ့ က​လေးတခါက ထမင်း​ပေါင်းလာစားဖူးသည့်​ Restaurant​လေးသို့​ခေါ်လာသဖြင့်​လင်း သူ့က​လေးကို သတိရ​နေမိသည်​။

စားပွဲထိုး​ကောင်​လေးလာ​တော့

" ဆရာမ လဲတခုခုမှာပါဦးခင်​ဗျ ... အစာ​ပြေမုန့်​ဖြစ်​ဖြစ်​အ​အေးဖြစ်​ဖြစ်​ပေါ့ ..... "

" Sunkist တစ်​ဗူးပဲ​ပေးပါ​မောင်​လေး .... "

လင်း သူကိုယ်​တိုင်​ပဲ စားပွဲထိုး​ကောင်​လေးကို မှာလိုက်​သဖြင့်​တေဇာ​ခေါင်း​လေးကုပ်​လိုက်​မိသည်​။

" အကို့ကို​တော့ ပသျူးထမင်း​ကြော်​တစ်​ပွဲ .... ပြီး​တော့ cola တစ်​ဗူးချ​ပေးပါကွာ .... "

စားပွဲထိုး​ကောင်​လေး ပြန်​ထွက်​သွားတဲ့​နောက်​မှာ​တော့​တေဇာ လင်း ရဲ့မျက်​နှာကို စူးစူးစိုက်​စိုက်​ကြည့်​လိုက်​တာမို့ လင်း​ခေါင်းကိုတစ်​ဖက်​သို့လှည့်​ပြီး ကန်​ရေပြင်​ကို​ငေးလိုက်​၏ ။

"ဆရာမလင်းဝတ်​ရည်​သော်​က ကျွန်​တော့ထက်​ပိုမယ်​ထင်​တယ်​ဗျ ... အသက်​ဘယ်​လောက်​ရှိပြီလဲ​သိခွင့်​ရှိမလားဗျ ? "

" ၂၃ ပြည့်​ပြီးပါပြီ ... "

သူ​တေဇာကိုတစ်​ချက်​ကြည့်​ဖြေပြီးတာနဲ့ မျက်​လွှာကို​အောက်​သို့ချက်​ချင်းချပစ်​လိုက်​၏ ။

"​သြော် .... ကျွန်​တော်​က ၂၆ ပြည့်​ပြီးသွားပြီဗျ .... ဒါဆို ကျွန်​တော့ထက်​ငယ်​တယ်​ဆို​တော့​နောက်​ဆို ခင်​ခင်​မင်​မင်​ရင်းရင်းနှီးနှီးပဲ ဝတ်​ရည်​လို့ပဲ​ခေါ်ပါရ​စေ​နော်​.... "

Don't Stop Believing Where stories live. Discover now