မျက်​လုံးပဲ ဖွင့်​ကြည့်​လိုက်​ရမလား ... ဘာလုပ်​ရမလဲလို့ လင်း​တွေေ​ဝ​နေစဉ်​မှာပဲ​နွေး​ထွေးစိုစွတ်​တဲ့ မိုး ရဲ့နှုတ်​ခမ်းဖျား​လေးဟာ သူ့ရဲ့နှုတ်​ခမ်းဖျား​ပေါ်သို့ ကျ​ရောက်​လာပါ​တော့သည်​။ ထိုသို့သူ့ရဲ့နှုတ်​ခမ်းကို မိုး ကလာပြီးထိလိုက်​တဲ့အချိန်​၌ လင်း ရဲ့ရင်​ထဲကနှလုံးခုန်​သံမှာ​နွေ​ခေါင်​ခေါင်​မိုးကြိုးပစ်​ချလိုက်​သည့်​အလား ကျယ်​လောင်​စွာ​ပေါ်ထွက်​ခဲ့သလို တစ်​ကိုယ်​လုံးလဲဓာတ်​လိုက်​သွားသည့်​အလား ကျဉ်​ခနဲ ။

လင်း တကယ့်​ကိုတစ်​ကိုယ်​လုံး ပူထူသွားတာမို့ မျက်​လုံးကိုတွန်းကန်​ဖွင့်​လိုက်​မိ၏ ။ ထိုအခါမှာ​တော့ မိုး ခမျာသူခိုးလူမိသွားသည့်​ပုံဖြင့်​ကြောက်​လန့်​တကြာ နှုတ်​ခမ်း​တွေ​တောင်​တဇတ်​ဇတ်​တုန်​ပြီး

" မ .... မ မိုး ~~ မိုး ~​တောင်း ~~​တောင်း ပန်​~ ပါတယ်​~~~~ "

အမှားတစ်​ခုကိုလုပ်​မိသည့်​လူတစ်​ယောက်​နှယ်​တစ်​ကိုယ်​လုံး​ကြောက်​လန့်​တကြာနဲ့ မျက်​လုံးအဝိုင်းသားနှစ်​ဖက်​၌ ကြည်​လဲ့လဲ့မျက်​ရည်​လေး​တွေ မိုး မျက်​ဝန်းထဲ ချက်​ချင်းပဲ​ဝေ့တက်​လာသလိုလို ။ သူ့ရဲ့အ​နောက်​သူ့အ​ဝေးကို ဖင်​ဆုတ်​ဖင်​ဆုတ်​ရွေ့သွားတဲ့ က​လေးကိုမြင်​ပြီး လင်း တစ်​ခုခုကိုထိတ်​လန့်​သွား၏ ။

လင်း အမြန်​ငေါက်​ခနဲထလိုက်​ပြီး သူ့က​လေးကို​ပွေ့ဖက်​လိုက်​တော့

" မ ~~ မိုး တကယ်​တောင်း ~~ ပန်​ပါတယ်​~~ "

" က​လေးရယ်​..... ဘာကို​တောင်းပန်​နေတာလဲ ..... "

လင်း​မေး​တော့ မိုး အ​ကြောက်​လွန်​နေသည့်​လူတစ်​ယောက်​လို ထစ်​ထစ်​ငေါ့​ငေါ့ဖြင့်​

" မိုး ~~~ မိုး ~~ ဟို ~~~​တောင်း ~~​တောင်း ပန်​ပါတယ်​ ~~ မ ~~~ မိုး ကို မ မုန်း ~ ပါနဲ့​နော်​~~ "

လင်း သူ့က​လေးမျက်​နှာကို​သေချာကြည့်​ကာ ပြုံးပြလိုက်​ပြီး

" က​လေရယ်​... မ က က​လေးကိုဘာလို့ မုန်းရမှာလဲ ?? "

တကယ်​ဆို လင်း က​လေးကို မမုန်းရင်​တောင်​ဒီလိုလူမသိ​အောင်​ဆရာမတစ်​ယောက်​ရဲ့ နှုတ်​ခမ်းကို ခိုးနမ်းခဲ့သည့်​အတွက်​စိတ်​တော့ဆိုးသင့်​သည်​မဟုတ်​ပါလား ။ သို့​ပေမဲ့ လင်း သူ့​က​လေးကို စိတ်​ဆိုးဖို့​နေ​နေသာသာ က​လေးကိုပင်​အ​ကြောက်​လွန်​ပြီးတခုခုဖြစ်​မှာ စိုးရိမ်​မိ​နေ​သေးသည်​။ ဒါတင်​မက​သေးပဲ က​လေးနမ်းတာကိုပင်​သူရင်​တွေခုန်​နေခဲ့​သေးသည်​မဟုတ်​ပါလား ။ လင်း အချိန်​အ​တော်​အတန်​ကျော်​ကြာခဲ့တဲ့အထိ အ​ဖြေရှာမရတဲ့​မေးခွန်းကို ချက်​ချင်းပဲ ရှာ​တွေ့သွားခဲ့သလိုလို ။ အနည်းငယ်​တော့ သူစတင်​သ​ဘော​ပေါက်မိခဲ့ပါသည်​။

Don't Stop Believing Where stories live. Discover now