" ရပါတယ်​က​လေးရယ်​.... "

" ဟို​လေ မ ..... "

သူ့က​လေးဘာများ​ပြောမလဲဟု မျက်​နှာရိပ်​မျက်​နှာကဲကို လင်း မျက်​တောင်​တစ်​ချက်​မခတ်​ပဲ အကဲခတ်​နေသည်​။
မလှမ်းမကမ်းမှာရပ်​နေတဲ့ ဇာလီတင့်​ကိုညွှန်​ပြရင်း

" ဒီ​နေ့ ဇာလီရဲ့​မွေး​နေ့တဲ့ မ ... အဲ့ဒါမိုးကို မုန့်​ကျွေးချင်​လို့ဆိုပြီး ကန်​တင်းကို​ခေါ်​နေတယ်​.... "

ရုတ်​တရက်​ဖြစ်​ပေါ်လာတဲ့ ဝမ်းနည်းမှုဆိုသည့်​ခံစားချင်​ကို လင်း မျက်​နှာ​ပေါ်မှာသိသိသာသာမ​ပေါ်လာ​အောင်​လို့ ဖုံးဖိထားလိုက်​ပြီး ဟန်​ဆောင်​ပြုံးပြလိုက်​၏ ။ က​လေး​ရဲ့မျက်​ဝန်းထဲမှာလဲ သူ့ကိုအားနာ​နေသည့်​အကြည့်​တွေ​ပေါ်​လွင်​နေတာမို့ လင်း ဟန်​ဆောင်​မှုကို ပိုမိုအသက်​ဝင်​အောင်​ပိပိရိရိလုပ်​နေရသည်​။

"​အော်​အင်းပါက​လေးရယ်​.... လိုက်​သွား​လေ .... သူငယ်​ချင်း​မွေး​နေ့ပဲဟာ ... "

" ဒါ​ပေမဲ့ မိုး လိုက်​သွားရင်​မ တစ်​ယောက်​ထဲဖြစ်​နေမှာ​ပေါ့ .... မ ပါလိုက်​ခဲ့​ပါလား .... "

လင်း ရယ်​ပြလိုက်​ပြီး

"​နေပါ​စေက​လေးရယ်​.... မ အိမ်​ကမုန့်​ထည့်​လာတယ်​... ဒီမှာပဲစားလိုက်​ပါ့မယ်​..... ကဲ ကဲ ဟိုမှာသူငယ်​ချင်းက​စောင့်​နေရတာကြာ​နေမယ်​... လိုက်​သွားလိုက်​နော်​.... "

လင်း​ပြော​တော့ မိုး မျက်​နှာ​လေး ပြုံးရွှင်​ကာ​ခေါင်း​လေးညိမ့်​ပြ​လေသည်​။

" ဟီး ဟုတ်​ကဲ့ ....​အော်​ဒါနဲ့ မ ....​နေ့လည်​ကျောင်းဆင်းချိန်​ကျရင်​မိုး မ ရဲ့အိမ်​ကိုလိုက်​ခဲ့မှာ​နော်​...​ည​နေလာမကြိုဖို့ ဘကြီးဖြိုးကိုမှာထားတယ်​တစ်​ခါ​လောက်​မ နဲ့တူတူ Bus ကားစီးချင်​လို့​လေ ..... "

" က​လေး စီးနိုင်​ပါ့မလား ? ည​နေ​ကျောင်းဆင်းချိန်​ဆို နည်းနည်းကျပ်​တယ်​.... "

လင်း စိတ်​ပူပြီး​မေး​တော့ မိုး ကခပ်​ပြုံးပြုံးပါပဲ ။

Don't Stop Believing Where stories live. Discover now