" ကန်​ဘောင်​နားမှာ ထမင်း​ပေါင်း​ကောင်းတဲ့ဆိုင်​ရှိတယ်​မ ... ကန်​ဘောင်​ဘက်​လဲ မ​ရောက်​တာကြာပြီဆို​တော့​လေညှင်းသွားခံရင်း စားချင်​တယ်​..... ဒီ​နေ့မိုးလဲ မရွာဘူး​လေ ...... "

" အင်းပါ က​လေးရယ်​..... ဟုတ်​ပါပြီ သွားကြရ​အောင်​နော်​.... "

" ဖြတ်​လမ်းက ဖြတ်​ကြမယ်​.... မိုး ဖြတ်​လမ်းသိတယ်​မ ... လာ ...... "

မိုး သူ့ရဲ့လက်​ဖဝါး​နုနု​လေးဖြင့်​လင်း ရဲ့လက်​ချောင်းသွယ်​သွယ်​လေးများအား အားပါးတရဆုပ်​ကိုင်​လိုက်​လေသည်​။ ထိုကဲ့သို မိုး ရဲ့​နွေး​ထွေးတဲ့လက်​လေး​တွေ လာ​ရောက်​ဖမ်းဆုပ်​ကိုင်​တိုင်း လင်း သ​ဘောကျသည်​။ ဘာ့​ကြောင့်​မှန်း​တော့မသိ ဒီ​နေ့အရင်​ကထက်​ကို ပိုသ​ဘောကျ​နေမိသလိုပင်​။ သ​ဘောကျသည်​ထက်​ပိုတယ်​ဟု​ပြောလျှင်​ပိုမှန်​မည်​လား သူကိုယ်​တိုင်​လဲမသိ ။

ဒီလိုနဲ့သူတို့ ပုံမှန်​လေးပဲ နှစ်​ယောက်​သား ကန်​ဘောင်​ဘက်​စီက ဆိုင်​တန်း​လေး​တွေရှိရာဆီသို့​လျှောက်​ဖြစ်​ခဲ့ကြသည်​။ ပြီး​တော့ ဆိုင်​လေးတစ်​ဆိုင်​မှာထိုင်​ရင်း ထမင်း​ပေါင်းတစ်​ပွဲမှာကာ မိုး ကန်​ရေပြင်​ကို​ငေးကြည့်​နေ၏ ။ သူမရဲ့အကြည့်​တွေမှာ တစ်​စုံတစ်​ရာကို ဝမ်းနည်း​နေသ​ယောင်​ယောင်​ဖြစ်​နေသည်​ဟု လင်း ခံစားမိ​နေတာမို့

" က​လေး တခုခုဖြစ်​နေတယ်​မဟုတ်​လား ? မ​နေ့ညကတည်းက အသံမ​ကောင်းဘူး ....... "

လင်း ရဲ့အ​မေးကိုကြားရမှ မိုး ကန်​ရေပြင်​ကို​ငေး​မောကြည့်​နေတဲ့အကြည့်​တွေကို လွှဲကာ လင်း ရှိရာသို့ ပြန်​ကြည့်​လိုက်​သည်​။

" မ​နေ့ညက Daddy ဖုန်းဆက်​တယ်​မ ..... သူ့မိန်းမ မိုး​ကြောင့်​ဒဏ်​ရာရသွားတယ်​ဆိုတာ သိ​နေတဲ့ပုံပဲ ...... "

" က​လေးကိုဆူလို့လား ? "

လင်း စိုးရိမ်​တဲ့အကြည့်​နဲ့​မေးလိုက်​တော့ မိုး အသက်​မပါသလိုရယ်​ရင်း​ခေါင်းခါလိုက်​၏ ။

Don't Stop Believing Where stories live. Discover now