မိုး​ဒေါသတကြီး​ပြော​တော့​ဒေါ်မူယာသွယ်​က ဟားတိုက်​ရယ်​မောပြီး

" ဟားဟား မိန်းမက​ယောကျာ်းပိုက်​ဆံယူသုံးတာ နင့်​လို လူကိုငါက သ​တော်​ဦးတင်​နေရဦးမှာတဲ့လား ... ဟားဟား ... ဟာသပဲ ...... "

"​ပြောရမယ်​ရှင့်​.... ရှင်​အကုန်​သုံးချင်​တယ်​ဆိုရင်​တောင်​ကျွန်​မကိုအနည်းဆုံး​တော့​ပြောပြရမယ်​.... ဘာလို့လဲဆို​တော့ Daddy ထားခဲ့တဲ့ပိုက်​ဆံ​တွေထဲမှာ  ဆရာမအတွက်​လစာ​ပေးဖို့ပါ ပါ​နေတယ်​လေ ... "

" ငါက compny အတွက်​ငွေလိုလို့ယူသုံးလိုက်​တာ .... နင့်​အ​ဖေ company​ကောင်းဖို့လုပ်​တာ နင့်​လိုဘာမှမဟုတ်​တဲ့လူကို​ပြောပြ​နေစရာကို မလိုဘူး ..... နင့်​ကိုနင့်​အ​ဖေ​ပေးထားခဲ့တဲ့ ပိုက်​ဆံ​တွေ သုံးဖြုန်းလို့ကုန်​သွားလို့လား ? ဘာလဲ နင့်​ဆရာမအတွက်​အဖိုးတန်​ပစ္စည်း​တွေ လက်​ဆောင်​ပေး​နေရလို့ ကုန်​သွားပြီ​ပေါ့ ? တကယ်​ဆို လခက​ပေးဖို့​ကောသင့်​တော်​သေးရဲ့လား .... ဒီ​လောက်​အဖိုးတန်​ပစ္စည်း​တွေ တစ်​ခုပြီးတစ်​ခု​ပေး​ပေး​နေတဲ့ဟာကို ..... "

ရိသဲ့သဲ့​လေသံ​တွေနဲ့ အခန်း​ဝနားမှာရှိ​နေ​သော လင်း ပါ​ကြား​အောင်​အခန်းထဲမှာ​စောင်း​မြောင်း​ပြောဆို​နေတာမို့ မိုး တအားကို​ပေါက်​ကွဲသွား​တော့သည်​။

" ရှင့်​ပါးစပ်​ကို ပိတ်​ထားလိုက်​တော့ .... ရှင့်​လို​အောက်​တန်းကျတဲ့ပါးစပ်​မျိုးက ကျွန်​မဆရာမကို ထည့်​မ​ပြောနဲ့ .. "

မိုး အရမ်း​ဒေါသထွက်​သွားတာမို့​ဒေါ်မူယာသွယ်​ရဲ့ ရင်​ဝကို​ဆောင့်​တွန်းပစ်​လိုက်​မိသည်​။​ဒေါ်မူယာသွယ်​အ​နောက်​သို့ ယိုင်​သွားတာမို့

" နင်​နင်​တော်​တော်​ရိုင်းစိုင်းတဲ့ဟာပဲ ..... "

မျက်​ထောက်​နီကြီးနဲ့ မိုး ကိုပြန်​ကြည့်​ပြီး မိုး ရဲ့ပါးပြင်​ကိုလဲ လက်​နဲ့ရိုက်​ဖို့ လက်​မြှောက်​လိုက်​တော့ အ​ခန်း​ဝသို့ လင်း အ​ပြေး​ရောက်​လာပြီး

Don't Stop Believing Where stories live. Discover now