" မနက်​ဖြန်​သမီး​မွေး​နေ့ကျ​တော့လဲ သုံးချင်​တာ သုံးလို့ရတာ​ပေါ့ သမီးရယ်​....​အော်​သမီးဆရာမအတွက်​ကျူရှင်​လစာ​တွေကို​ဖေ့​ဖေ့အခန်းထဲက မီးခံ​သေတ္တာထဲမှာ အသင့်​ထည့်​ပေးထားတယ်​နော်​.... "

" ဟင်​... Daddy က ဒီတစ်​ခေါက်​ဘယ်​လောက်​ကြာကြာသွားရမှာမို့လဲ ? "

" မ​ပြောတတ်​သေးဘူး သမီး​လေးရဲ့ ... ဒီတစ်​ခေါက်​က နည်းနည်း​လေး​တော့ကြာမယ်​ထင်​တယ်။ ၂ လ​လောက်​ကြာမယ်​သမီး .... "

အ​ဖေ့စကား​ကြောင့်​မိုး မျက်​နှာ​လေး ညှိုးသွား​လေသည်​။

" Daddy မကြာမကြာဖုန်းဆက်​ပါ့မယ်​သမီးရယ်​.... ပြီး​တော့ မနက်​ဖြန်​သမီး​လေးရဲ့​မွေး​နေ့မှာ အတူမရှိ​ပေးနိုင်​တဲ့အတွက်​လဲ တကယ်​တောင်းပန်​ပါတယ်​ကွယ်​..... "

မိုး ပြန်​ပြုံးပြလိုက်​ပြီး

" ရပါတယ်​ Daddy ရယ်။ သမီး နားလည်​ပြီးသားပါ။ ခရီးမှာသာကျန်းမာ​ရေး ဂရုစိုက်​နော်​... ပြီး​တော့ ဖုန်း​လေးသာ မကြာမကြာဆက်​ပေးပါ​နော်​.... "

" စိတ်​ချ .... အိမ်​ဖုန်းမဟုတ်​ပဲ သမီး​လေရဲ့ဟန်းဖုန်းကိုပဲ​ဖေ​ဖေသီးသန့်​ခေါ်မယ်​ဟုတ်​ပြီလား ..... "

မသွားခင်​ဦး​ကောင်းထက်​သမီးဖြစ်​သူ၏ နဖူး​ကိုတယုတရနမ်းရှိုက်​လိုက်​လေသည်​။ အခန်းထဲမှ ထွက်​သွားတဲ့​ဖေ​ဖေ့ရဲ့​ကျောပြင်​ကိုကြည့်​ပြီး မိုး လွမ်းဆွတ်​ကာ ကျန်​ခဲ့ရပါဦးမည်​။

X    X    X    X    X    X    X    X

မိုး ရဲ့​မွေး​နေ့မှာပဲ တိုက်​တိုက်​ဆိုင်​ဆိုင်​ဥပုတ်​နေ့ဖြစ်​နေတာမို့​ကျောင်းပိတ်​သည်​။ မ​နေ့ကတည်းက သူ့မမကို ဘုရားတူတူသွားကြရ​အောင်​လို့​ပြောထားတာမို့ အရင်​လိုပဲ ဘကြီးညိုကားနဲ့ လင်း ကို မိုး သွား​ခေါ်ခဲ့သည်​။

ဒီ​နေ့မှာ​တော့ အနီ​ရောင်​ဝမ်းဆက်​လေးနဲ့ မြင်​သူတိုင်း​ငေး​လောက်​အောင်​ကိုလှပ​ကျော့ရှင်း​နေသည်​။ ပါးပြင်​မှာ ခပ်​ရေး​ရေး​လေး​ရေးဆွဲထားတဲ့ သနပ်​ခါးပါးကွက်​ကြား က​လေးနဲ့ မ မှာအင်​မတန်​မှကို လိုက်​ဖက်​လွန်းပါသည်​။ ဆံပင်​ကို ဖြန့်​ချထားပြီး မိုး လက်​ဆောင်​ပေးထားသည့်​ကလစ်​လေးကို ပန်​ဆင်​လာသည်​။ ဖြူ​ဖွေးလှသည့်​အသားအ​ရည်​နှင့်​အနီ​ရောင်​ရင်​ဖုံးအကျီ င်္ ချိတ်​ထဘီတို့နဲ့ အလှမှာ​ပေါ်လွင်​လှ၏ ။ မိုး သူ့မမကို အသက်​ရှုပင်​မှား​လောက်​အောင်​ငေး​မောမိခဲ့ပါသည်​။

Don't Stop Believing Where stories live. Discover now