မိုး​ခေါင်း​လေးညိမ့်​လိုက်​ရင်း

" အခု မ ရဲ့နာမည်​လေးကလဲ တကယ်​လှပါတယ်​.... မ နဲ့လိုက်​တယ်​..... "

" က​လေး ရဲ့ နာမည်​လေးလဲ လှတယ်​သိလား ..... "

" ဟုတ်​လား ... ဟီး ..... "

မိုး မျက်​လုံး​လေး​မှေးစင်းသွား​အောင်​ရယ်​တော့

" မိုး ဆို​တော့ က​လေးက မိုးတွင်း​မွေးတာလား ? "

" ဟုတ်​..... မိုး ကို မိုး​တွင်းမှာပဲ​မွေးခဲ့တာ ....​မွေးမဲ့​နေ့က မိုး​တွေတအားရွာ​နေတယ်​လို့လဲ​Daddy​ပြောဖူးတယ်​... "

" က​လေး​မွေး​နေ့က ဘယ်​နေ့လဲ ? "

" August 1 ရက်​နေ့မရဲ့ ..... "

" Ahhh ဒါဆို Leo ရာသီဖွား​ပေါ့ ...... "

" ဟာ ... မ ကအဲ့ဒါ​တွေလဲ သိ​နေတာပါလား ..... "

" သိတာ​ပေါ့ .... ရာသီအားလုံး​တော့ အလွတ်​မရပါဘူး ... Leo က​တော့ မ နဲ့သိပ်​မစိမ်းတဲ့ရာသီမို့လို့​လေ ..... ဘာလို့လဲဆို​တော့ မ က Virgo ရာသီဖွား​လေ .... "

" ဟင်​... ဒါဆို ...... "

လင်း ရယ်​လိုက်​ကာ

" ဟုတ်​တယ်​မ လဲ August ဖွားပဲ ..... မ ကို August 31 မှာ​မွေးတာ​လေ ..... "

မိုး ပါးစပ်​အ​ဟောင်းသားဖြစ်​သွား​လေ​တော့သည်​။ သူနဲ့ သူ့မမက​မွေးသည့်​နေ့နံတူရုံတင်​မကဘူး​မွေးသည့်​လက လည်းတူ​နေပြန်​သည်​။ မိုး အ​တွေးနဲ့တင်​ဝမ်းသာသွားရ၏ ။

" အဲ့ဒါ​ကြောင့်​မို့ မ ကစိတ်​သ​ဘောထားနူးညံ့တာကို .... Virgo ရာသီဖွား​တွေက စိတ်​သ​ဘောထားနူးညံ့ကြတယ်​... သူတစ်​ပါးကိုလဲ ပညာတတ်​မြောက်​လွယ်​အောင်​သင်​ပေးတတ်​တယ်​တဲ့ .... အခု မ လို​ပေါ့ .... အဲ့ဒါအပြင်​တိရိစ္ဆာန်​လေး​တွေနဲ့လဲ လက်​ပွန်းတတီး​နေတတ်​တယ်​မ ရဲ့ ... ဥပမာ​ခွေး​လေးတစ်​ကောင်​ကို လက်​ပေးဆိုပြီး သင်​ပေးတာကို တခြားလူ​တွေက သင်​ပေးတာထက်​Virgo မှာ​မွေးတဲ့လူ​တွေက သင်​ပေးတာက ပိုတတ်​မြန်​တယ်​တဲ့ ... တိရိစ္ဆာန်​လေး​တွေက Virgo​ရာသီခွင်​မွေးတဲ့ လူ​တွေဆို သိပ်​ချစ်​ကြတယ်​လေ ... "

Don't Stop Believing Where stories live. Discover now