" ဟုတ်​ကဲ့ပါ ဆရာ ...... "

အ​ဒေါ်ကြီးလဲ​ပေါင်​မုန့်​ကို​ထောပတ်​သုတ်​ကာ ပန်းကန်​ထဲထည့်​ပြီး အ​ပေါ်ထပ်​သို့ တက်​သွား၏ ။

" ကိုကြီး မနက်​စာ စားလို့​ကောင်းရဲ့လား ..... ? "

"​ကောင်းပါတယ်​မူယာ .... ဒါနဲ့ မူယာ့ရဲ့တူ​လေး​မောင်​ဇွဲကိုကို​ဇော်​ကိုလဲခုတ​လော သိပ်​မ​တွေ့မိသလိုပဲ​နော်​.. "

" ဟုတ်​တယ်​ကိုကြီး​ရေ အဲ့က​လေးလဲ ၁၀ တန်း​ရောက်​မှ အကျင့်​ပျက်​လာတယ်​... အိမ်​ကပ်​တယ်​လို့ကိုမရှိပါဘူး .... တခါတ​လေလဲ အိမ်​တောင်​ပြန်​မအိပ်​ဘူး ...​ပြောတာ​တော့ သူ့သူငယ်​ချင်းအိမ်​မှာ စာစုလုပ်​ရင်းအိပ်​မယ်​ချည်းပါပဲ ..... "

" ကျူရှင်​တွေဘာ​တွေ​ကော မူယာ ထား​ပေးရဲ့လား မူယာ ? "

" စီစဉ်​ပေးပါတယ်​သူကမတက်​ချင်​ဘူးချည်း ဇွတ်​ငြင်း​နေ​တော့တာပဲ ကိုကြီး​ရေ .... "

" အဲ့လိုလုပ်​လို့ဘယ်​ဖြစ်​ပါ့မလဲ ၁၀ တန်းဆိုတာ အ​ရေးကြီးတာပဲ .... သမီး​လေး Hanna ကိုလာသင်​ပေးမယ်​ဆရာမ​လေးနဲ့ အတူတူ​ပေးသင်​ရင်​မ​ကောင်းဘူးလား ? "

ဦး​ကောင်းထက်​ပြောလိုက်​တော့​ဒေါ်မူယာသွယ်​က ရွဲ့တဲ့တဲ့ပြုံးရင်း

" ကိုကြီးသမီးက လက်​ခံမယ်​တဲ့လား ... သူက မာယာတို့တူရီး ၂​ယောက်​ကိုဆို မျက်​နှာချင်း​တောင်​မဆိုင်​ချင်​တဲ့ဟာကို .... "

" သမီး​လေးက သူ့အ​မေ​နေရာမှာ မာယာ့ကို အစားထိုးလိုက်​တယ်​ဆိုပြီး စိတ်​ခံစားချက်​ဝင်​သွားတာ အစကဆို ကိုယ့်​ကို​တောင်​မှ စကား​ကောင်း​ကောင်း​မ​ပြောတာ မာယာလဲအသိပဲ​လေ ..... မာယာက အကြီးပဲကို နားလည်​ပေးလိုက်​ပါကွာ ..... "

" နာလည်​ပေးပါတယ်​ဒါ​ပေမဲ့တခါတခါကိုကြီးသမီးက မာယာ့ကိုဆို အမြဲရန်​သူတစ်​ယောက်​လိုဆက်​ဆံ​နေ​တော့ မာယာလဲ ဘယ်​လိုမှ မလုပ်​တတ်​တော့ဘူး .... "

ဦး​ကောင်းထက်​လဲဘာမှဆက်​မ​ပြော​တော့ပဲ သက်​ပြင်းတစ်​ချက်​သာ ချလိုက်​မိ​လေတာ့သည်​။

X    X    X    X    X    X    X    X    X

လင်း . မိုး တို့အိမ်​ရှေ့​ရောက်​တော့ ခြံတံခါး​ပေါက်​ဖွင့်​ပေးထားတာမို့ ခြံထဲသို့ဝင်​လာခဲ့​လေသည်​။ ခြံထဲ​ရောက်​တော့ နှင်းဆီပန်းပင်​တွေစိုက်​နေတဲ့ အ​ဒေါ်ကြီးနဲ့အတူ မိုး အားမြင်​တွေ့လိုက်​ရတာမို့ လင်း အံ့သြသင့်​သွားခဲ့သည်​။

Don't Stop Believing Where stories live. Discover now