ခဏအကြာမှာတော့ ဆရာမကပုံနှိပ်စာအုပ်လေးတစ်အုပ်ကိုင်ကာ သူတို့အားလုံးကို စာစသင်ပေးပါတော့သည် ။

The Bridge ဆိုတဲ့ကဗျာလေးကို သူမကရှေ့မှ လိုက်တိုင်ပေးလေသည် ။ ဆရာမရဲ့ချိုသာတဲ့အသံလေးနဲ့ english အသံထွက်မှာ အလွန်ကောင်းမွန်သောကြောင့် ကျောင်းသူ ကျောင်းသားတွေအဖို့ သဘောကျနေကာ အားမာန်နဲ့ နောက်မှတိုင်ပေးတာကို လိုက်ဆိုနေကြလေသည် ။

တက်လာသောအတန်းမှန်သမျှ၌ ရှေ့ကဆရာမတိုင်ပေးလျှင် ပါးစပ်မျှသာမကောင်းတတ်လို့လိုက်လှုပ်ပြီး နှုတ်မှလိုက် မဆိုတတ်သည့် မိုးဝသန်လွင် မှာတော့ ယခုတွင် အသံထွက်ကာ လိုက်ဆိုနေမိပါသည် ။
အဲ့ဒါကို သူမကိုယ်တိုင်လဲ တအံ့တသြဖြစ်နေမိချေသည် ။
အတန်းထဲတွင်လှည့်ပတ်လျှောက်ကာ စာတိုင်ပေးနေသည့် ဆရာမလေးရဲ့ခြေလှမ်းတွေဟာ အနောက်ဆုံးပြူတင်းတံခါးပေါက်ကခုံတန်းသို့ ရောက်သောအခါဝယ် တုံ့ခနဲရပ်တန့်သွားလေသည် ။

စားပွဲခုံဘေးနား လာရပ်နေသည့် ခြေထောက်ဖွေးဖွေးလေးတစ်စုံကို မိုးဝသန်တွေ့လိုက်တာမို့ ခေါင်းကိုအသာအယာလှည့်၍ ဘေးသို့မော့ကြည့်လိုက်သောအခါ၌ …………

" ဒုတ် ဒုတ် ဒုတ် ………… "

" ဂလု ……………… "

သူ့ကိုပါးချိုင့်လေးနဲ့ သဘောကျစွာဖြင့်ပြုံးကြည့်နေသည့် ဆရာမလေးရဲ့အပြုံးကြောင့် မိုးဝသန်လွင် ခမျာနှလုံးခုန်နှုန်းတွေ သိပ်ကိုမြန်ဆန်လာလေသည် ။ ထို့ကြောင့် မသိမသာတံတွေးကိုလျင်မြန်စွာမျိုချလိုက်ရလေပြီ ။

သူ့ဘာသာသူတောင် သတိမထားမိလိုက်စဉ်မှာပဲ မိုးဝသန်လွင် ရဲ့မျက်နှာပေါ်၌ ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော ဆွဲဆောင်မှုရှိလှသည့် ချစ်စဖွယ်အပြုံးလေးတစ်ခု ပေါ်ပေါက်လာလေတော့သည် ။

သူကအဲ့လိုပြုံးပြလိုက်တာနဲ့ ဆရာမလေး လင်းဝတ်ရည်သော်ရဲ့ လက်ဖဝါးနုနုလေးက မိုးဝသန်လွင်ရဲ့ ခေါင်းကဆံစလေးတွေကို ပွတ်သပ်နေပြီဖြစ်သည် ။

အောက်မှာထိုင်နေတဲ့ မိုးဝသန်လွင်ရဲ့ အမှုအရာကတော့ ချစ်စဖွယ် ပါပီလေးတစ်ကောင်းအလားပင် ။

ပြီးတော့စာတိုင်ပေးနေရင်းနှင့်ပင် မိုး ရဲ့ပုံနှိပ်စာအုပ်အဖုံးလေးကိုလှန်ကြည့်လေသည် ။ ကွက်လပ်ဖြစ်နေသော အမည်မတပ်ရသေးသည့်နေရ
ာလေးကို လက်ညှိုးသွယ်သွယ်လေးဖြင့် ထောက်ပြရင်း သူ့ကိုမော့ကြည့်နေသည့် မိုးဝသန်လွင်အား မျက်ခုံး​လေးပင့်ပြလေသည် ။

အထာနပ်သော မိုးဝသန်လွင်လဲ ချက်ချင်းဆိုသလို ဘောပင်ကောက်ကိုင်လိုက်ပြီး နေရာကွက်လပ်ကလေး၌ 'မမိုးဝသန်လွင်' ဟုထင်ထင်ရှားရှားရေးထိုးလိုက်လေတော့သည် ။

ကဗျာလေးတစ်ပုတ်ကို လိုက်တိုက်ပေးပြီးသည်အပြီးသတ်မှာတော့ ဆရာမလေး လင်းဝတ်ရည်သော်၏နှုတ်မှ လေသံသဲ့သဲ့လေးထွက်ပေါ်လာလေသည် ။

" မိုးဝသန်လွင်တဲ့လား ………… နာမည်လေးက လှလိုက်တာ …… " 

" မ ရဲ့နာမည်က ပိုပြီးလှတာပါ ……… မ ……… "

နှုတ်အစုံကထွက်မကျလာတဲ့ စကားသံတစ်ခွန်းဟာတော့ သူမရဲ့ရင်ထဲ ပဲ့ထပ်သွားသည်အထိ မြည်ဟည်းသွားပါသည် ။

မိုးဝသန်လွင် ဆရာမလေးကိုငေးကြည့်ရင်းနဲ့ပင် လှပစွာပြန်ပြုံးပြလိုက်လေသည် ။ သူမရဲ့ညာဘက်မျက်စိပေါ်အုပ်နေသည့် ဆံနွယ်စလေးတွေဟာတော့ ဘေးပြူတင်းပေါက်က တိုးဝင်လာတဲ့လေပြေကြောင့် နဖူးထက်ပေါ်သို့ ပျံဝဲတက်သွားပါတော့သည် ။
ဖြူဥနေတဲ့ မိုးရဲ့မျက်နှာကလေးကတော့ ကလေးငယ်လေးလို အပြစ်ကင်းစင်ပြီး အလွန်မှချစ်ဖို့ကောင်းသည်ဟု ဆိုနိုင်ပေသည် ။
ထို့အတူ သူမရဲ့ဘေး၌ ရပ်နေသည့် ကျောင်းဆရာမလေးဟာလဲ အလွန်အင်မတန်မှ ချောမောလှပပေသည် ။

သူတို့ ၂ ယောက်ကို ဒုတိယအကြိမ်ဆုံဆည်းခွင့်ပေးခဲ့တာဟာ မသိနိုင်တဲ့ ရေစက်ဆိုသော ကံတရားပင်ပဲလား ?

🌧️     🌧️     🌧️

Don't Stop Believing Where stories live. Discover now