Episode (30)

181 41 22
                                    

Unicode

" အခုလက်ရှိမှာ အောင်မြင်မှုအရှိဆုံး hairstylistလို့သတ်မှတ်ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲရှင့် "

နီစွေးတဲ့နှုတ်ခမ်းလွှာလေး ဘေးဘက်ကိုတွန့်ကွေးသွားပုံက တစ်ဆင့်ချင်းတစ်ရစ်ချင်း ။ မျက်လုံးလေးကိုထောင့်ကပ်ပြီးစဉ်းစားဟန်ပြုပုံကလဲ သူနဲ့မှလိုက်ဖက်နေသလို ။ ခေါင်းလေးကိုဖြည်းဖြည်းခါတော့ ဆံနွယ်ရှည်လေးတွေက လှုပ်ရှားမှုနဲ့အတူလိုက်ပါကခုန်တယ် ။

" အောင်မြင်တယ်ဆိုတာထက် ကျော်ကြားတယ်လို့သုံးမှ ပိုမှန်မယ်ထင်တယ် ၊ မဖြူဖြူကျော်သိန်းပြောခဲ့သလိုပေါ့ ...ကျော်ကြားဖို့ဆိုတာက သိပ်လွယ်တဲ့အရာပါ ၊ ဒါပေမဲ့ အောင်မြင်ဖို့ကတော့  ကျော်ကြားဖို့ထက် အများကြီးပိုခက်တယ်ဗျ ၊ ကျွန်တော်လဲ ကျော်ကြားမှုကနေ အောင်မြင်မှုဆိုတာကိုရောက်ဖို့ အများကြီးကြိုးစားရအုံးမှာ "

သူ့ထုံးစံအတိုင်း စကားပြောနေရင်း ဆံပင်တွေကို နှစ်ခါသပ်တင်တယ် ။ ကင်မရာသမားကလဲ သူ့လက်လှုပ်ရှားမှု ၊ မျက်နှာအပြောင်းအလဲကိုသေချာဖမ်းထားတာဆိုတော့ နာမည်ကြီးအနုပညာရှင်ကိုကြည့်နေရသလိုမျိုး အကြည့်မလွှဲနိုင်ပါ ။

" ဖန်တွေကလဲ အနုပညာရှင်အဖြစ်မြင်ချင်ကြတယ်ဆိုတော့ အဲဒီအပေါ်မှာကော ဘယ်လိုစဉ်းစားထားလဲရှင့် "

" အဲဒါကတော့ မဖြစ်န်ိုင်လောက်ဘူးဗျ ၊ ကျွန်တော်မင်းသားလုပ်မယ်လို့ တစ်ခါမှမတွေးဖူးသလို လုပ်မှာလဲမဟုတ်ဘူး ၊ အလှဓာတ်ပုံရိုက်တာလောက်ကအဆင်ပြေပေမဲ့ စိတ်နှစ်ပြီးသရုပ်ဆောင်ဖို့ကျ ကျွန်တော် ပင်ပန်းမခံနိုင်ဘူး ညီမရဲ့ "

" ဖန်တွေက အစ်ကို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလဲ သိချင်ကြတယ်ဆိုတော့ အချစ်ရေးနဲ့ပတ်သက်ပြီးကော ဘာများပြောဖို့ရှိမလဲရှင့် "

ပြုံးတယ် ၊ အဲဒီအပြုံးမျက်နှာကြောင့် မေးခွန်းမေးနေတဲ့သူက ငြိမ်ကျသွားခဲ့တယ် ။ ယုကီဆိုတဲ့အမျ်ိုးသားရဲ့ဆွဲဆောင်မှုက အဲဒီလိုမျိုးစွမ်းအားကြီးတာပါ ။

" ကျွန်တော် ဘာကိုမှ လျှို့ဝှက်မထားဘူးဗျ ၊ အချစ်ရေးပဲဖြစ်ဖြစ် ...တခြားအကြောင်းတွေပဲဖြစ်ဖြစ် အကုန်လုံးကိုချပြထားတာပဲလေ ၊ သေချာတာတစ်ခုကဘာလဲဆိုရင် ကျွန်တော့်ဘေးမှာတစ်သက်လုံးထားချင်တဲ့သူကိုတော့ အခုထိမတွေ့သေးဘူး ညီမ "

ထင်း (Ongoing) Where stories live. Discover now