Episode (15)

227 49 31
                                    

Unicode

ခွင်ကျသွားခဲ့တဲ့ခြေထောက်က ဘာမှမဖြစ်ပေမဲ့ ထောက်လိုက်တဲ့လက်က အဆစ်ရောင်သွားတယ်လို့ဆရာဝန်ကပြောတယ် ။ တစ်ပတ်လောက် လက်ကိုလှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနားပေးပါလို့ညွှန်ကြားတဲ့အတွက် အိမ်မှာပဲနေနေရတာ ။ အလုပ်တွေနှောင့်နှေးလို့ စိတ်မကောင်းတာကသတ်သတ် ၊ ထင်းရဲ့အနားမှာအချိန်ကြာကြာနေခွင့်ရလို့ ဝမ်းသာတာကသတ်သတ် ။

ဒါပေမဲ့ ထင်းမရှိတဲ့အချိန်ကျ ကျွန်တော်တစ်ယောက်တည်း ယောင်ချာချာပါ ။ ကားမောင်းလို့ကလဲမရသေးဘူးဆိုတော့ အပြင်မထွက်ဖြစ်ဘဲ  အိမ်ထဲမှာပဲ တစ်နေကုန်တစ်နေခမ်းနေပေရော့ ။

ကလေးလေးတွေ မိဘတွေကိုစောင့်ကြိုသလိုမျိုး ကျွန်တော်လဲ ညနေခြောက်နာရီလောက်ဆိုရင် ဝရန်တာမှာခုံတစ်လုံးချပြီး ထင်းကိုမျှော်နေမိတာ ။
ဆေးလိပ်ပြာခွက်ထဲမှာ ဆေးလိပ်ပြာတွေနဲ့ဆေးလိပ်တိုတွေများလာတာနဲ့အမျှ အလင်းရောင်ကလဲ တဖြည်းဖြည်းကွယ်ပျောက်လာတယ် ။

မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းတွေက နေ့အလင်းရောင်မရှိတော့လို့ လျှပ်စစ်မီးရောင်ကိုအစားထိုးလိုက်ပြီ ။ ညမီးရောင်တွေနဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်က တစ်မျိုးတော့ကြည့်ကောင်းသား ။

အဲဒီအချိန် ကျွန်တော့်မြင်လွှာထဲကိုဝင်ရောက်လာတဲ့ ထင်းရဲ့ပုံရိပ်လေး ။ ကျောပိုးအိတ်ကိုတစ်ဖက်တည်းလွယ်ထားတဲ့ ထင်းရဲ့သဏ္ဍာန်က ဘယ်လိုကြည့်ကောင်းမှန်းကိုမသိတော့ပါဘူး ။

ဟိုဘက်ကားလမ်းကနေ ကျွန်တော်တို့ဘက်ကိုကူးဖို့အတွက် လမ်းအလယ်ဘလောက်တုံးပေါ်မှာရပ်ပြီး ကားရှင်းတဲ့ထိစောင့်နေတဲ့ ထင်းကို ယောင်ယမ်းလက်ပြမိတယ် ။ ပြီးမှ ထင်း မမြင်နိုင်မှန်းသတိရတဲ့အတွက် လက်ကိုပြန်ရုပ်ပြီး ရှက်ရယ်ရယ်မိပါကော ။

" ထင်းရာ ဘယ်လိုလေးလဲကွာ ၊ အသည်းယားလွန်းလို့ဖျစ်ညှစ်ပစ်ချင်နေပြီ "

တစ်ယောက်တည်းရေရွတ်မိတဲ့စကား ။ အခုပြောလိုက်တဲ့စကားကို ထင်းသာကြားသွားရင် ကျွန်တော့်ကိုမျက်မှောင်ကြုတ်ပြီးကြည့်မှာ ။

ထင်း (Ongoing) Donde viven las historias. Descúbrelo ahora