မေတ္တာတွေက ပန်းတွေလို❤

189 35 21
                                    

ရရှိတဲ့မေတ္တာတွေကြောင့် နွေးထွေးရပါတယ်

ပထမဆုံးပြောချင်တာကတော့ ချစ်ရတဲ့သူတွေကို ကျေးဇူးအများကြီးတင်တဲ့အကြောင်းပါ ။

ကိုယ်အပါအဝင် လူအများစုက အခုအချိန်မှာ အချိန်တွေသိပ်ရှားနေကြတာပါ ။ စားဝတ်နေရေးကစလို့ မပြေလည်တဲ့လူမှုရေးတွေက တစ်နေ့တခြားများလာတာလေ ။ ကိုယ်ဆိုရင် အခုစာတွေတောင် မဖတ်နိုင်တော့ဘူး ။ အလုပ်ပြီးအောင်လုပ် ၊ အချိန်လုပြီးစာရေး ၊ ရေးထားတဲ့စာကို ချစ်ရတဲ့သူတွေဖတ်ဖို့တင်... အဲဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့လုံးချာလိုက်နေတာကြာပါပြီ ။

ဖတ်ရုံဖတ်လိုက်မယ်ဆိုလဲရပေမဲ့ ကိုယ်ရေးတဲ့စာကို voteလုပ်ပေးတယ် ၊ commentတွေပေးတယ်ဆိုတာ စာဖတ်တဲ့သူတွေပြန်ပေးတဲ့မေတ္တာတရားပါ ။ ကိုယ်ကလဲ အမြဲမန့်တဲ့သူတွေဆိုရင် အမှတ်တရရှိနေခဲ့ပြီ ။ သူကတော့ ဒီလိုလေးမန့်တတ်တယ် ၊ ဒီလိုလေးအတွေးရှိတယ်ဆိုတာမျိုးပေါ့ ။

စာရေးတာကခရီးရှည်တစ်ခုထွက်တာနဲ့တူရင် စာဖတ်သူတွေပေးတဲ့
voteနဲ့commentတွေက ခရီးရှည်ကြီးကိုဆက်လှမ်းနိုင်ဖို့ခွန်အားတွေပါ ။ ဘယ်သူရှိရှိ ၊ မရှိရှိတစ်ယောက်တည်းသွားမယ်ဆိုတာက တကယ်တမ်းတော့ထင်သလောက်မလွယ်ပါဘူး ။ ကိုယ့်အတွက်တော့ ချစ်ရတဲ့သူတွေနဲ့သွားမှ ပိုပျော်စရာကောင်းပြီး လုံခြုံနွေးထွေးတာပါ ။

ထင်း ( episode 20)ရဲ့မန့်တွေကို ကိုယ်သေသေချာချာစိတ်နှစ်ဖတ်ပြီးတဲ့အချိန် စာဖတ်သူတွေပေးတဲ့မန့်လေးတွေကြောင့် ရှေ့ဆက်ပြီး ထင်းကို ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ဖို့ခွန်အားအများကြီးရသွားတယ် ။ ကျေးဇူးတင်လိုက်တာဆိုပြီး အကြိမ်ကြိမ်ရေရွတ်မိတဲ့အထိပါ ။ ပိုလိုက်တာလို့ မထင်လိုက်ပါနဲ့နော် ။ တကယ်ပါ ၊ ကိုယ်တကယ်ကို နှစ်နှစ်ကာကာ ...လေးလေးနက်နက်ကျေးဇူးတင်ပါတယ် ။ ထင်းပြီးသွားချိန်ထိ ရှိနေပေးကြပါအုံးရှင် ။ ချစ်ရသူတွေမရှိရင် ကိုယ်ရှေ့ဆက်ဖို့မလွယ်ကူလို့ပါ ။ Episode20ကမန့်တွေကို replyမပြန်တော့ဘူးနော် ။ စာဖတ်သူတွေရဲ့ အတွေးကို သီးသီးသန့်သန့် တယုတယလေးထားချင်လို့ပါရှင် ။

ထင်း (Ongoing) Where stories live. Discover now