Episode (3)

293 62 32
                                    

" ငါတို့အစ်ကို စိတ်ကြည်နေတယ်ထင်ရဲ့ ၊ ရယ်လို့ပြုံးလို့ပါလား "

ဆိုင်ထဲဝင်ဝင်ချင်း casherကောင်မလေးရဲ့ နှုတ်ဆက်စကား။ဟိုးရက်တွေတုန်းက ကျွန်တော် ဟန်မဆောင်နိုင်လောက် စိတ်တိုဒေါသထွက်နေတာကိုး ။ ဝန်ထမ်းတွေလဲ ကျွန်တော့်မျက်နှာ တကြည့်ကြည့်နဲ့ စိတ်ပင်ပန်းခဲ့မှာ ။

မနေ့ညကတော့ သူ့ကိုလဲရန်စနိုင်သလို ဖုန်းနံပါတ်နဲ့နေတဲ့နေရာကိုပါ သိခဲ့ရလို့ ပျော်ရွှင်နေမှုကို မဖုံးနိုင်၊မဖိနိုင် ။

အခုချိန်ဆိုရင် သူဘာတွေလုပ်နေမလဲ ။ ကျွန်တော့်အကြောင်းကိုတွေးပြီး စိတ်ဆိုးနေမလား ။ ဒါမှမဟုတ် ကျွန်တော့်အနမ်းတွေကိုပြန်တွေးပြီး ကြည်နူးရင်လဲ ကြည်နူးနေမှာပေါ့လေ ။

သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို အများမမြင်အောင် ဘယ်လောက်ပဲဖုံးဖုံး ကျွန်တော်ကတော့ သိသွားမြင်သွားပြီ ။ အဲဒါကြောင့်လဲ လောင်စာဆီနည်းနည်းထည့်ပေးပြီး အပြင်ကိုပေါက်ထွက်လာအောင်
အစပျိုးပေးခဲ့တာ ။ တစ်လျှောက်လုံးထိန်းချုပ်ထားရတဲ့ လိင်စိတ်ခံစားချက်တွေကို သူကဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ ။ သူ  ကျွန်တော့်ကို စွဲလမ်းလာအောင်လုပ်မယ် ၊ ပြီးရင် ဘိုင့်ဘိုင်လုပ်ရင်း လမ်းခွဲလိုက်မယ် ။

ကျွန်တော်နဲ့မခွဲနိုင်ပါဘူးဆိုပြီး ဒူးထောက်တောင်းပန်လာရင် ကိုယ်မှမင်းကိုမချစ်တာလို့ ချေချေမိုးမိုးပြောပစ်မယ် ။ အသည်းအသန်ဖြစ်နေမဲ့  သူ့ပုံစံကိုမြင်ယောင်ကြည့်တော့ ပီတိလှိုင်းက တစ်ကိုယ်လုံးကိုထွေးပိုက်တယ် ။

သူ့လို အတွေ့အကြုံမရှိတဲ့လူကို ကျွန်တော့်ခြေရင်း ဒူးထောက်အောင်လုပ်ဖို့ဆိုတာ လွယ်မှလွယ် ။ အတွေးကောင်းတွေကခေါ်ဆောင်တော့ လှုပ်ရှားမှုကသွက်နေသလို မျက်နှာပေါ်မှာလဲ အပြုံးမပြတ်ဘူး ။ အရင်ကဆိုရင် ဖုန်းကိုဘောင်းဘီအိတ်ထဲပစ်ထည့်ထားတတ်ပေမဲ့ အခုတော့ ဖုန်းကိုလက်ကနေ
မချဘဲ တကိုင်ကိုင် ။ သူ ဖုန်းခေါ်လို့ မကိုင်ဖြစ်ရင် ကျွန်တော်စားရမဲ့သားကောင်လေး လွတ်သွားမှာစိုးလို့ပါ ။

ထင်း (Ongoing) Where stories live. Discover now