Episode (5)

264 53 23
                                    

ကဖိန်းဓာတ်ပါတဲ့ အစားအသောက်ကိုစားနေကျဖြစ်သွားရင် အချိန်တန်တာနဲ့ အဲဒီအစားအသောက်ကိုစားလိုက်ရမှ ကျေနပ်သွားသတဲ့ ။ သူက ကျွန်တော့်အတွက်တော့ အစားအသောက်မဟုတ်တဲ့ ကဖိန်းဓာတ်လိုဖြစ်တည်မှုမျိုးပဲ ။

တစ်လနီးပါး တွေ့နေမြင်နေကျဆိုတော့ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ သူရှိရာအရပ်ကိုပဲ ခြေဦးလှည့်မိတယ် ။ စွဲလမ်းမှုဆိုတာက ချက်ချင်းဖြတ်လို့ရတဲ့အရာမှ မဟုတ်တာ ။ ဒီလိုပဲ တဖြည်းဖြည်းနဲ့ပြတ်သွားအောင် ကြိုးစားရတာပေါ့ ။

သူ တောင်းဆိုတာကို မလိုက်လျောနိုင်တဲ့အခါ ရှေ့ဆက်ရန်အကြောင်းမရှိလို့ ဆုံးဖြတ်ချက်ချထားလိုက်တယ် ။ အနိုင်ပိုင်းသွားတဲ့သူကတော့ အသွားမပျက် ၊ အလာမပျက် ။ ကျွန်တော့်ကိုတွေ့ရမလားလို့ မျက်လုံးကစားပြီးလဲမရှာခဲ့ဘူး ။ သူ့လမ်းသူသွားတာများ ဖြောင့်လို့ဖြူးလို့ ။

ကျွန်တော်ကသာ သူ့အပြုအမူကြောင့် ဆွေ့ဆွေ့ခုန်ပြီး ဒေါသမီးတောက်လောင်ရတဲ့အပြင် ဘာမှန်းမသိတဲ့စိတ်ခံစားချက်တွေနှိပ်စက်လို့ တစ်ခါတလေ အိပ်ပျော်နေရာကနေ လန့်နိုးခဲ့ရပြန်တယ် ။

သူက လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ ဝှက်စာတစ်ခုလိုပဲ ။ ခြေကုန်လက်ပန်းကျတဲ့ထိ လျှို့ဝှက်ချက်တွေကို တူးဖော်နေမိပေမဲ့ နောက်ဆုံးရလဒ်ကတော့
ဘာမှပြောင်းလဲမသွားဘူး ။

မှန်ထဲကိုကြည့်ရင် သူက ဘေးဘက်မှာပေါ်လာပြီး ခပ်မဲ့မဲ့ပြုံးပြတယ် ။ ကျွန်တော်လေ သူ့ကို မေ့ပစ်ချင်လိုက်တာ ။ မေ့နိုင်ဖို့လဲ နည်းမျိုးစုံနဲ့ကြိုးစားကြည့်တယ် ။ မပိုင်ဆိုင်ရလို့ ပိုပြီး စွဲလမ်းစိတ်များနေတာ ဖြစ်ပါလိမ့်မယ် ။ တစ်ခါလောက်သာ ပိုင်ဆိုင်လိုက်ရရင် ၊ သူကလဲ တခြားယောက်ျားတွေလိုပဲလို့ လက်ခံနိုင်သွားရင် ဖြစ်ပေါ်နေတဲ့ တပ်မက်စိတ်ကနေ လွတ်မြောက်ကောင်းပါရဲ့ ။

စိတ်တွေက တက်လိုက် ၊ ကျလိုက်နဲ့ ။ ထိတွေ့ဖူးတဲ့နှုတ်ခမ်းတွေနဲ့ ဝမ်းဗိုက်သားကျစ်ကျစ်တွေကို တွေးမိလိုက်တိုင်း နှလုံးသားက မြန်မြန်ခုန်လာတယ် ။ စားကောင်းသောက်ဖွယ်ကို မြင်တွေ့နေရပေမဲ့ မစားရမသောက်ရတဲ့အခါ ဟိုလူ့ကိုပြသနာရှာချင် ၊ ဒီလူကိုပတ်ရမ်းချင် ။

ထင်း (Ongoing) Where stories live. Discover now